မန်ယူ တိုက်စစ်မှုး မာရှယ်ကို ကစားသမား တည့် အလဲအထပ် လုပ်ပြီး ခေါ်ယူလိုနေတဲ့ ပီအက်စ်ဂျီ အသင်း
မန်ချက်စတာ ယူနိုက်တက် မှာ ဝါရင့် တိုက်စစ်မှုး ဖြစ်သူ အန်တိုနီ မာရှယ် ဟာ ဦးစားပေး တိုက်စစ်မှုး နေရာက ဖယ်ပေး ခဲ့ရပြီး ဖြစ်ပါတယ်။
အသက်အရွယ် ရလာပေမယ့် ခြေစွမ်း မတိုးတက် လာတဲ့ မာရှယ် အပေါ် ယူနိုက်တက် ပရိတ်သတ် များကိုယ်တိုင် ကလဲ စိတ်ပျက်နေတာပါ။

ကစားသမားရဲ့ အရည်အသွေး ကို အသိမှတ်ပြုကြပေမယ့် ပျင်းရိ သော ကစားသမား ရဲ့ စိတ်ဓါတ်ကို ယူနိုက်တက် တာဝန်ရှိသူ များ ၊ပရိတ်သတ်များ အပြင် နည်းပြ များကလဲ စိတ်ရှည် မှု အတိုင်းအတာ ကုန်ဆုံး ခဲ့ပြီလို့ သိရပါတယ်။
ဒီအခြေအနေတွေမှာ မာရှယ်ကို ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်း က အံ့အားသင့် ဖွယ် စိတ်ဝင်စားလာပါတယ်။
ပြင်သစ်သားလည်း ဖြစ်ပြီး လူငယ် ရွှေဘောလုံး ဆုရှင် ဖြစ်ခဲ့ဖူးသူ မာရှယ်ဟာ ဒီရာသီ မှာ လဲ ယူနိုက်တက် အတွက် မိနစ် အပိုင်းအခြား အနည်းငယ် သာ ပါဝင် ကစားခွင့် ရရှိ ထားပါတယ်။
ဒါကြောင့် ပီအက်စ်ဂျီ အသင်း က ၎င်းတို့ အသင်း ရှိ ကစားသမား တစ်ဦး နဲ့ မာရှယ်ကို ဇန်နဝါရီ မှာ အလဲအလှယ်ပြု လုပ်ရန် ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။
၎င်းတို့ရဲ့ ညာတောင်ပံ နောက်ခံလူ နော်ဒီမူခီလီ ကို ယူနိုက်တက် တို့ စိတ်ဝင်စားနေတာကို ပီအက်ဂျီ အသင်း က နားလည် ထားပြီး ကစားသမားချင်း တည့်၊ တိုက်ရိုက် အလဲအထပ် ပြုလုပ်ရန် ဆွေးနွေး မှုပြုလုပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။