ဈေးချိုချိုနဲ့ ရနိုင်မယ့် ပြင်သစ် ကြယ်ပွင့် ဂရစ်ဇ်မန်း ကို မန်ယူအသင်းက လစာကြေးကြီး ပေးကာ ခေါ်ယူဖွယ် ရှိကြောင်း သတင်းထွက်

နည်းပြ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ကလပ်အသင်းရဲ့ ရှယ်ယာ ရောင်းချမှု၊ အပြောင်းအလဲ တွေနဲ့တူ ကစားသမားကောင်းတွေ ဝယ်ယူ အားဖြည့်ဖို့ကိုလည်း စီစဉ်လာနေပါတယ်။

လတ်တလောမှာ ယူနိုက်တက်ဟာ လျော့ဈေးနဲ့ ဝယ်ယူနိုင်မယ့် ပြင်သစ်ကြယ်ပွင့် ဂရစ်ဇ်မန်း ကို လစာ ၃ ဆ ပေးချေခေါ်ယူရန် မျက်စိတွေ့နေကြောင်း သတင်းထွက်လာပါတယ်။

အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက် အသင်း အနေဖြင့် မက်ဒရစ် အခြေစိုက် ကလပ်တွင် အနာဂတ် မရေမရာ ဖြစ်ကာ စာချုပ်လျှော်ကြေး ပေါင် ၂၂သန်းခန့်သာ ပေးချေရမယ့် ဂရစ်ဇ်မန်းကို အက်သလက်တီကို မက်ဒရစ် အသင်းမှာ ရနေတဲ့ လစာ ၃ ဆ ခန့်ဖြင့် ခေါ်ယူရန် လုပ်ဆောင်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်အနေဖြင့် အက်သက်လက်တီကိုမက်ဒရစ်အသင်းတွင် ချုပ်ဆိုထားတဲ့ စာချုပ်တွင် စာချုပ်လျော်ကြေး ပေါင် ၂၂ သန်းခန့်သာ ဖြစ်တာကြောင့် မေဂျာလိဂ်ကလပ်အသင်းတွေ အနေဖြင့် ချိတ်ဆက်လာမလားဆိုတာ စောင်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဂရစ်ဇ်မန်း က အက်သလက်တီကိုမက်ဒရစ် အသင်းတွင် စာချုပ်သက်တမ်း က ၂၀၂၆ခုနှစ်အထိ သက်တမ်း ကျန်နေတာ ဖြစ်ပေမဲ့ မက်ဆီကစားနေတဲ့ မေဂျာလိဂ်ကလပ်အချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားတဲ့ အကြောင်းပါ သတင်းဌာနအချို့က ဖော်ပြခဲ့ဖူးပါတယ်။

ဂရစ်ဇ်မန်းက အမေရိကန်ဘောလုံးကစားနည်းကို နှစ်သက်သူတစ်ဦးဖြစ်တဲ့အပြင် ဘေ့စ်ဘောပြိုင်ပွဲတွေနဲ့ အပျော်တမ်း အားကစားပြိုင်တွေကို နှစ်သက်သူ တစ်ဦးဖြစ်တာကြောင့် အမေရိကန် ခရီးစဉ်ကို စတင်လိုနေတာလည်း ဖြစ်ပါတယ်။

အမေရိကန်မြေမှာ ဘောလုံးကစားရန် စိတ်အားထက်သန်မှုရှိနေတဲ့ ဂရစ်ဇ်မန်းကို ရလဒ်ပိုင်း မတည်မငြိမ် အနေအထားမှာ ရောက်နေတဲ့ ယူနိုက်တက်အသင်း အနေဖြင့် ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။