ဘလွန်းဒီအော ဆု အရှိန်တက်ချိန်မှာ တလွဲလုပ်လိုက်တဲ့ ဂျော်ဂျင်ဟိုနဲ့ ခြေစစ်ပွဲ မအောင်သေးတဲ့ အီတလီ
ည က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု C ရဲ့ ဇယားထိပ်ဆုံး က အီတလီနဲ့ ဆွစ်ဇာလန်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ တဖက် တဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့လို့ ခြေစစ်ပွဲ အောင်ဖို့ အတွက် အုပ်စု နောက်ဆုံးပွဲ အထိ ၂သင်းလုံး အကြိတ်အနယ် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။
အထူးသဖြင့် အိမ်ရှင် အဖြစ်နဲ့ အိုလံပီကိုကွင်းမှာ ဆွစ်ဇာလန်ကို ဧည့်ခံ ကစားခဲ့ရတဲ့ အီတလီ အဖို့ မနေ့ည က ပွဲမှာ နိုင်ပွဲရဖို့ ကောင်းခဲ့ပါတယ်။ သို့ပေမယ့် မထင်မှတ်ပဲ အဖွင့်ဂိုး အရင်ပေးခဲ့ရသလို နောက်ကနေ လိုက်ကစားကာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး မှာ ရခဲ့တဲ့ ပင်နယ်တီ ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် အီတလီတို့ အတွက် ပေးဆပ်မှု ကြီးမားသွားခဲ့ပါတယ်။

မနေ့ည က ပွဲကိုသာ အနိုင်ရလိုက်ရင် အီတလီတို့ Head to Head ၊ ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဗိုလ် အဖြစ်ကနေ ခြေစစ်ပွဲ အောင်လိုက်မှာ ဖြစ်ပါတယ်။ မိနစ် ၉၀ မှာ ရခဲ့တဲ့ ပင်နယ်တီ ကို ချဲလ်ဆီးနဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို က ဂိုးပေါက် ချော်ကန်ခဲ့တာကြောင့် ၎င်းတို့ နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။
Ballon D’Or ဆုနဲ့ ထိုက်တန်မှု ရှိမရှိ ဝေဖန်သံတွေ များနေတဲ့ ကြားမှာ အခုလို အရေးကြီးတဲ့ အဆုံးအဖြတ် ပေးစေမယ့် ပင်နယ်တီကို လွဲလိုက်တာ က ဂျော်ဂျင်ဟို ကို ခါတိုင်းထက် ဖိအားတွေ ပိုဝင်စေမှာ သေချာနေပါပြီ။ နိုင်ပွဲ မရခြင်း အတွက် ဂျော်ဂျင်ဟိုကို အပြစ်တင်တာ မျှတမှု မရှိတာ မှန်ပေမယ့် ၎င်းကြောင့် အီတလီတို့ ပိုပြီး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
အုပ်စု လက်ကျန် နောက်ဆုံးပွဲမှာ အီတလီ ဟာ တတိယ နေရာ က မြောက်အိုက်ယာလန် အသင်း ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိပြီး ထိုပွဲဟာ ၎င်းတို့ကို ထင်ထားတာထက် ပိုမို ခက်ခဲစေလာနိုင်ပါတယ်။
အီတလီရဲ့ ချေပဂိုး ကို သွင်းယူခဲ့တဲ့ နာပိုလီ ညာနောက်ခံလူ ဂျီယိုဗန်နီ ဒီလော်ရန်ဇို ကတော့ ပင်နယ်တီ လွဲခဲ့တဲ့ ဂျော်ဂျင်ဟိုကို ၎င်းတို့အားလုံး ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ကာ ခြေစစ်ပွဲ အောင်ဖို့ကိုလည်း ၎င်းတို့ အုပ်စု နောက်ဆုံးပွဲမှာ မဖြစ်မနေ အနိုင် ကစားသွားမှာ ဖြစ်ကြောင်း အီတလီ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။

Zawgyi
ည က ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလား ေျခစစ္ပြဲ ဥေရာပဇုန္ အုပ္စု C ရဲ႕ ဇယားထိပ္ဆုံး က အီတလီနဲ႔ ဆြစ္ဇာလန္တို႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကရာ တဖက္ တဂိုးစီ သေရ ရလဒ္သာ ထြက္ေပၚခဲ့လို႔ ေျခစစ္ပြဲ ေအာင္ဖို႔ အတြက္ အုပ္စု ေနာက္ဆုံးပြဲ အထိ ၂သင္းလုံး အႀကိတ္အနယ္ တိုက္ပြဲဝင္ရေတာ့မွာ ျဖစ္ပါတယ္။
အထူးသျဖင့္ အိမ္ရွင္ အျဖစ္နဲ႔ အိုလံပီကိုကြင္းမွာ ဆြစ္ဇာလန္ကို ဧည့္ခံ ကစားခဲ့ရတဲ့ အီတလီ အဖို႔ မေန႔ည က ပြဲမွာ ႏိုင္ပြဲရဖို႔ ေကာင္းခဲ့ပါတယ္။ သို႔ေပမယ့္ မထင္မွတ္ပဲ အဖြင့္ဂိုး အရင္ေပးခဲ့ရသလို ေနာက္ကေန လိုက္ကစားကာ ေခ်ပဂိုး ျပန္သြင္းႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီး မွာ ရခဲ့တဲ့ ပင္နယ္တီ ကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ အီတလီတို႔ အတြက္ ေပးဆပ္မႈ ႀကီးမားသြားခဲ့ပါတယ္။
မေန႔ည က ပြဲကိုသာ အႏိုင္ရလိုက္ရင္ အီတလီတို႔ Head to Head ၊ ဂိုးကြာျခားခ်က္ အသာနဲ႔ အုပ္စုဗိုလ္ အျဖစ္ကေန ေျခစစ္ပြဲ ေအာင္လိုက္မွာ ျဖစ္ပါတယ္။ မိနစ္ ၉၀ မွာ ရခဲ့တဲ့ ပင္နယ္တီ ကို ခ်ဲလ္ဆီးနဲ႔ အီတလီ လက္ေ႐ြးစင္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို က ဂိုးေပါက္ ေခ်ာ္ကန္ခဲ့တာေၾကာင့္ ၄င္းတို႔ ႏိုင္ပြဲနဲ႔ ေဝးခဲ့ရပါတယ္။
Ballon D’Or ဆုနဲ႔ ထိုက္တန္မႈ ရွိမရွိ ေဝဖန္သံေတြ မ်ားေနတဲ့ ၾကားမွာ အခုလို အေရးႀကီးတဲ့ အဆုံးအျဖတ္ ေပးေစမယ့္ ပင္နယ္တီကို လြဲလိုက္တာ က ေဂ်ာ္ဂ်င္ဟို ကို ခါတိုင္းထက္ ဖိအားေတြ ပိုဝင္ေစမွာ ေသခ်ာေနပါၿပီ။ ႏိုင္ပြဲ မရျခင္း အတြက္ ေဂ်ာ္ဂ်င္ဟိုကို အျပစ္တင္တာ မွ်တမႈ မရွိတာ မွန္ေပမယ့္ ၄င္းေၾကာင့္ အီတလီတို႔ ပိုၿပီး ႐ုန္းကန္ရေတာ့မွာ ျဖစ္ပါတယ္။
အုပ္စု လက္က်န္ ေနာက္ဆုံးပြဲမွာ အီတလီ ဟာ တတိယ ေနရာ က ေျမာက္အိုက္ယာလန္ အသင္း ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ရဖို႔ ရွိၿပီး ထိုပြဲဟာ ၄င္းတို႔ကို ထင္ထားတာထက္ ပိုမို ခက္ခဲေစလာႏိုင္ပါတယ္။
အီတလီရဲ႕ ေခ်ပဂိုး ကို သြင္းယူခဲ့တဲ့ နာပိုလီ ညာေနာက္ခံလူ ဂ်ီယိုဗန္နီ ဒီေလာ္ရန္ဇို ကေတာ့ ပင္နယ္တီ လြဲခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုကို ၄င္းတို႔အားလုံး ဆက္လက္ အားေပးသြားမွာ ျဖစ္ေၾကာင္း တုန္႔ျပန္ခဲ့ကာ ေျခစစ္ပြဲ ေအာင္ဖို႔ကိုလည္း ၄င္းတို႔ အုပ္စု ေနာက္ဆုံးပြဲမွာ မျဖစ္မေန အႏိုင္ ကစားသြားမွာ ျဖစ္ေၾကာင္း အီတလီ ပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္။