ဒီည ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို မန်ချက်စတာ ယူနိုက်တက် အရှုံး လို့ ခန့်မှန်းသွားတဲ့ ခရစ်ဆက်တန်
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ဂွတ်ဒီဆင်ပါ့ခ် မှာ သွားရောက် ရင်ဆိုင် ကစားကြမှာပါ။ ပွဲချိန်ကတော့ ဒီ တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန် ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ခရစ်ဆက်တန် ကတော့ အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
အခုချိန်မှာ အဲဗာတန်က တန်းဆင်းဇုန် တိုက်ပွဲကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ သူတို့ ပရီးမီးယားလိဂ်မှာ တင်ကျန်နေဖို့ လုံလောက်မယ် ထင်ပါတယ်။
အဲဗာတန် ရမှတ်လျော့ခံရတဲ့ အကြောင်းကိုပဲ စကားတွေ ပြောနေကြတယ် ဆိုပေမယ့်လို့ ဒီအခြေအနေက မန်ယူနိုက်တက်ကို ရင်ဆိုင်ကစားဖို့ သင့်လျော်ပါတယ်။ တနင်္ဂနွေနေ့ ဂူဒီဆန်ကပွဲဟာ သိပ်ကို ကောင်းပါလိမ့်မယ်။
အဲဗာတန် ကစားသမားတွေဟာ အရမ်း စိတ်လှုပ်ရှားနေတဲ့ စွန့်စားမှုမျိုး မလုပ်ဘဲ ၁၁ ယောက်လုံး စည်းစည်း လုံးလုံး ရှိနေရပါမယ်။ အဲ့ဒါကပဲ ဆမ်ဒိုက်က သူ့ကစားသမားတွေကို ပေးမယ့် မက်ဆေ့ဆိုတာ သေချာပါတယ်။ ဒီပွဲကို အနိုင်ရဖို့ အဲဗာတန်မှာ အခွင့်အရေးကောင်း ရှိနေဆဲ ဖြစ်ပါတယ်။
ရလဒ်ပိုင်းမှာ မန်ယူနိုက်တက်က အခြားအသင်းတိုင်းထက် ပိုကောင်းကောင်း လုပ်လာနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ၄ ပွဲကို အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ သူတို့ရဲ့ ကစားပုံကတော့ ဆိုးရွားလွန်း ပါတယ်။
လောလောဆယ် အဲဗာတန်တဝိုက်က စိတ်ဓါတ်ပိုင်း တက်ကြွမှုကနေ သူတို့ အခွင့်အရေးရှိပြီး ဒီပွဲကို အနိုင်ရဖို့ ကြိုးစားနိုင်မှာပါ။ အဲ့တာကြောင့်ပဲ အဲဗာတန်တို့ ဒီပွဲကို အနိုင်ရမယ်လို့ ထင်မိပါတယ်။ ကျနော် ခန့်မှန်းတာ မလွဲရင် ဂူဒီဆန်တော့ ပေါက်ကွဲပြတော့မှာပါ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
အဲဗာတန် ၂-၁ မန်ချက်စတာ ယူနိုက်တက်။