ရက်ရှ်ဖို့ဒ် ရဲ့ အနီကတ် နောက်ဆက်တွဲ ချန်ပီယံလိဂ် ပွဲပယ် ကိစ္စ အား ယူအီးအက်ဖ်အေ ဘက်က အတည်ပြုချက် ထုတ်
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ချန်ပီယံလိဂ် မှာ အနီကတ် နောက်ဆက်တွဲ အဖြစ် တစ်ပွဲပယ် ပြစ်ဒဏ် ဆက်လက် ကျခံရမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုပြောကြားလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သား ကစားသမားဟာ ကိုပင်ဟေဂင်ကို ၄-၃ ဂိုးဖြင့်ရှုံးခဲ့တဲ့ပွဲရဲ့ ပထမပိုင်းပြီးခါနီးတွင် ပြိုင်ဘက်ကစားသမားရဲ့ ခြေကျင်းဝတ်ကို အမှတ်မထင် နင်းမိခဲ့တာကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဂါလာတာစာရေးနှင့်ပွဲစဉ် တစ်ပွဲကိုသာ ပွဲပယ်ခံရမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုထားပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ ဘိုင်ယန်မြူးနစ်နှင့် အိုးထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲကို ပါဝင်နိုင်မှာဖြစ်ပါတယ်။
ထိုအချိန်က ဆုံးဖြတ်ချက်အတွက် တန်ဟက်က စိတ်ပျက်ခဲ့ပြီး ယူနိုက်တက်ဟာ ၂-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့အချိန် ပွဲရဲ့ရလဒ်ကို ပြောင်းလဲသွားခဲ့ရတာဖြစ်ပါတယ်။
“အရမ်းကိုခက်ခဲပါတယ်။ သူက ဘောလုံးကို လုခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက အနီကဒ်ပြသဖို့အတွက် အချိန် ယူခဲ့တာဖြစ်ပါတယ်”
“ဒါက ဘောလုံးနဲ့ ဘာမှမဆိုင်ပါဘူး။ ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာဖြစ်သော်လည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဆိုရင်တောင် ကျွန်တော်က လက်ခံရမှာပါ။ ဒါပေမယ့် ဒီအဆင့်မှာတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် သုံးခုကို ချမှတ်ရမှာပါ။ ပွဲကို ထိန်းချုပ်နိုင်တယ်ဆိုရင် ဒီလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး” လို့ တန်ဟက်က ပြောပါတဘ်။
ဘိုင်ယန်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းကစားနိုင်မှာကြောင့် တန်ဟက်အတွက် ဝမ်းသာစရာဖြစ်ပေမယ့် ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က ၁၆ ပွဲကစားပြီး ၁ ဂိုးသာ ဂိုးသွင်းယူနိုင်ခဲ့ကာ တိုက်စစ်မှုးရဲ့ကစားပုံက သိသိသာသာ တိုးတက် ကောင်းမွန်လာဖို့ လိုအပ်ပါလိမ့်မယ်။