ဂိုး ၁ဝဝ ကျော် သွင်းထားတဲ့ အီတလီ တိုက်စစ်မှုးကို ဇန်နဝါရီမှာခေါ်ဖို့ အာဆင်နယ် ပစ်မှတ်ထား
အာဆင်နယ် အသင်းဟာ ဆက်ဆူအိုလို အသင်းရဲ့အီတလီလက်ရွေးစင် ရှေ့တန်းကစားသမား ဘီရာဒီ ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘီရာဒီကို ခေါ်ယူဖို့ စီးရီးအေကလပ်ကို ချဉ်းကပ်နေပြီလို့ သိရပါတယ်။
ဘီရာဒီနဲ့ဆက်ဆူအိုလို တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၃)နှစ်ကျန်ရှိနေသေးတာကြောင့် အာဆင်နယ် အသင်းဟာ ပြောင်းရွှေ့ကြေးပေါင်(၄၃)သန်းဝန်းကျင် ပေးချေရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ ဖီအိုရင်တီးနား အသင်းကလည်း ဘီရာဒီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုုဟာ ပိုပြီးခက်ခဲနိုင်တယ်လို့ လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဘီရာဒီ ဟာ (၂၀၁၅)နွေရာသီထဲက ဆက်ဆူအိုလို အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၃၀၀)ကျော်ပါဝင်ကစားထားတာဖြစ်ပါတယ်။
ဘီရာဒီ ဟာ အီတလီကလပ်အတွက် (၁၁၀)ဂိုး သွင်းယူထားပြီး ဂိုး(၇၀) ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘီရာဒီ ဟာ ဒီရာသီမှာလည်း ဆက်ဆူအိုလို အသင်းအတွက် (၁၀)ပွဲပါဝင်ကစားထားပြီး (၅)ဂိုးသွင်းယူထားတာပါ။ ဘီရာဒီ ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီလက်ရွေးစင် အတွက်လည်း ဂိုးဖန်တီးမှု(၂)ဂိုးပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၁၀)ပွဲဆက် ရှုံးပွဲမရှိဘဲ အသင်းရဲ့ခံစစ်ပိုင်းကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းကို အားမရဖြစ်နေပြီး တိုက်စစ်ပိုင်း အတွက် ကစားသမားခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။
အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား အသင်းတိုက်စစ်မှုး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေတာကြောင့် ဘီရာဒီ ကိုပဲ ဇန်နဝါရီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားပြီး ကြိုးစားနေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ZG
အာဆင္နယ္ အသင္းဟာ ဆက္ဆူအိုလို အသင္းရဲ ႔အီတလီလက္ေရြးစင္ ေရွ ႔တန္းကစားသမား ဘီရာဒီ ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ အာဆင္နယ္ အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ ႔မွာ ဘီရာဒီကို ေခၚယူဖို႔ စီးရီးေအကလပ္ကို ခ်ဥ္းကပ္ေနျပီလို႔ သိရပါတယ္။
ဘီရာဒီနဲ ႔ဆက္ဆူအိုလို တို႔ခ်ဳပ္ဆိုထားတဲ႔ စာခ်ဳပ္ဟာ (၃)ႏွစ္က်န္ရွိေနေသးတာေၾကာင္႔ အာဆင္နယ္ အသင္းဟာ ေျပာင္းေရႊ ႔ေၾကးေပါင္(၄၃)သန္း၀န္းက်င္ ေပးေခ်ရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။ ဖီအိုရင္တီးနား အသင္းကလည္း ဘီရာဒီ ကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။
အဲ့ဒါေၾကာင္႔ အာဆင္နယ္ အသင္းအေနနဲ႔ သူ႔ကို ေခၚယူဖို႔ ကမ္းလွမ္းမွုဳဟာ ပိုၿပီးခက္ခဲႏိုင္တယ္လို႔ လည္း သံုးသပ္မွုေတြ ရွိေနပါတယ္။ ဘီရာဒီ ဟာ (၂၀၁၅)ေႏြရာသီထဲက ဆက္ဆူအိုလို အသင္းက္ိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းအတြက္ ပြဲေပါင္း(၃၀၀)ေက်ာ္ပါ၀င္ကစားထားတာျဖစ္ပါတယ္။
ဘီရာဒီ ဟာ အီတလီကလပ္အတြက္ (၁၁၀)ဂိုး သြင္းယူထားၿပီး ဂိုး(၇၀) ဖန္တီးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဘီရာဒီ ဟာ ဒီရာသီမွာလည္း ဆက္ဆူအိုလို အသင္းအတြက္ (၁၀)ပြဲပါ၀င္ကစားထားၿပီး (၅)ဂိုးသြင္းယူထားတာပါ။ ဘီရာဒီ ဟာ ၿပီးခဲ့တဲ႔ ယူရိုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ႔ အီတလီလက္ေရြးစင္ အတြက္လည္း ဂိုးဖန္တီးမွဳ(၂)ဂိုးျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ အသင္းဟာ လက္ရွိအခ်ိန္မွာ ၿပိဳင္ပြဲစံု(၁၀)ပြဲဆက္ ရွံဳးပြဲမရွိဘဲ အသင္းရဲ႔ခံစစ္ပိုင္းကလည္း အေကာင္းဆံုး စြမ္းေဆာင္ႏိုင္ေနတာျဖစ္ပါတယ္။ ဒါေပမယ္႔ အသင္းရဲ ႔တိုက္စစ္ပိုင္းကို အားမရျဖစ္ေနၿပီး တိုက္စစ္ပိုင္း အတြက္ ကစားသမားေခၚယူဖို႔ ေစာင္႔ၾကည္႔ေနတာပါ။
အာဆင္နယ္ အသင္းဟာ ဖီအိုရင္တီးနား အသင္းတိုက္စစ္မွဳး ဗလာဟိုဗစ္ ကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ အဆင္္မေျပတာေၾကာင့္ ဘီရာဒီ ကိုပဲ ဇန္န၀ါရီမွာ ေခၚယူဖို႔ ပစ္မွတ္ထားၿပီး ၾကိဳးစားေနတာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။