ဂါနာချိုရဲ့သွင်းဂိုးက လှလွန်းလို့ မယုံနိုင်ဘဲ တဖွဖွ ချီးကျူးနေတဲ့ သရဲနီဟောင်းကြီး ဂယ်ရီနဗီး
မန်ချက်စတာယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကြယ်ပွင့်လေး ဂါနာချိုဟာ မနေ့ညက အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ဂွတ်ဒီဆင်ပါ့ခ်က ပွဲစဉ်မှာ အကောင်းဆုံး ပရီးမီးယားလိဂ် သွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမားဟာ ပထမပိုင်း ၃ မိနစ်မှာပဲ ဒါလော့ ဖြတ်တင် ပေးပို့လိုက်တဲ့ ဘောလုံးကို အံ့အားသင့်ဖွယ် နောက်ပြန် ကန်ချက်နဲ့ ဂိုးညာဘက်အပေါ်ထောင့်ထဲကို ကန်သွင်း ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးဘက်ကို ဝိန်း ရူနီ ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ တူညီတယ်လို့ ပရိသတ်တွေကြားမှာ နှိုင်းယှဉ်ချီးကျူးမှုတွေ ရှိနေခဲ့ပြီး ဂါနာချိုက ဂိုးသွင်းယူအပြီးမှာ သရဲနီဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်းပါ အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးကလည်း ကွင်းထဲမှာ ရှိခဲ့သမျှကာလတလျှောက်လုံး ဒီလောက်ကောင်းတဲ့ နောက်ပြန် ကန်ချက်ကို မမြင်ခဲ့ဖူးဘူးလို့ ထင်မြင်ကြောင်း ပြောဆိုခဲ့ပြီး ဒီလောက် ကောင်းတဲ့ဂိုးကို မန်စီးတီးနဲ့ပွဲမှာ ဝိန်း ရူနီသွင်းယူခဲ့တုန်းကပဲ မြင်ခဲ့ဖူးတယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။
အဲဗာတန်ကွင်းလယ်ကြယ်ပွင့်ဟောင်း လီယွန် အော့စ်မန်းကလည်း “အဲဒါက ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်ပါ။ အားလုံးက ဒီလောက်အရည်အသွေးရှိတဲ့ဂိုးကို မြင်ရလို့ အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒါက ထူးခြားတဲ့ အဆုံးသတ်တင်မဟုတ်ဘဲ ရွေ့လျားမှုတစ်ခုလုံးပါ။
နောက်ကနေ ရှေ့ကို၊ ကွင်းကို ခါးစောင်းဖြတ်တင်ပေးလိုက်တဲ့ ပေးပို့မှု၊ ကောင်းမွန်တဲ့ ထိတွေ့မှု၊ ပင်နယ်တီ ဧရိယာထဲ ပြေးဝင်မှု၊ ဂိုးတိုင်နားကို ဖြတ်တင်ပေးပို့မှု ဒါတွေအားလုံးပေါင်းပြီးတော့ အဲဒီ အခိုက်အတန့်ဖြစ်လာတာပါ”လို့ ပြောကြား ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုးတွေကို မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်သိုနီ မာရှယ်လ်တို့က ဒုတိယပိုင်းမှာ သွင်းယူပေးသွားခဲ့ပြီး ဒီနိုင်ပွဲအပြီးမှာ တန်ဟက်ရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာနဲ့ ၄ မှတ်အကွာ အဆင့် ၆ နေရာမှာ