မန္ခ်က္စတာ ယူနိုက္တက္ထံ ျပန္ေရာက္လာဖြယ္ ရွိတဲ့ စီ ေရာ္နယ္ဒို

အီတလီေအးဂ်င့္ အန္ဒရီယာဒီအာမီကိုကေတာ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကို စြန႔္ခြာၿပီး ယူႏိုက္တက္ကို ျပန္ေျပာင္းဖြယ္ ရွိေနတယ္လို႔ သူ႔အျမင္ကို ေျပာၾကားလိုက္ပါတယ္။

အသက္ ၃၆ ႏွစ္သားဟာ ၂၀၂၀ – ၂၁ ရာသီမွာ ဂ်ဴဗီနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၄၄ ပြဲမွာ ၃၆ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ေပၚတူဂီသားရဲ႕တူရင္ေျမအနာဂတ္က မေသခ်ာတဲ့အေနအထားမွာရွိေနၿပီး စာခ်ဳပ္မကုန္ခင္မွာ တစ္ႏွစ္သက္တမ္း တိုးခ်င္ေနပါတယ္။ ယူႏိုက္တက္ကေတာ့ လာမယ့္ရာသီသစ္မွာေရာ္နယ္ဒိုကို ျပန္လည္ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

“ဒါႀကီးျဖစ္လာဖို႔ကေတာ့ ခန႔္မွန္းရခက္ပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုက ဒီရာသီအကုန္မွာ ဂ်ဴဗီကေန ထြက္ခြာဖို႔ ေသခ်ာေနပါတယ္။ ဂ်ာမနီ နဲ႔ စပိန္ကိုသြားမွာမဟုတ္ေလာက္ပဲ ကစားသမားဘဝကို ယူႏိုက္တက္မွာပဲ ကုန္ဆုံးပါလိမ့္မယ္”လို႔ ဒီအာမီကိုက ေျပာၾကားခဲ့ပါတယ္။

ယခင္သတင္းေတြအရ ေရာ္နယ္ဒိုဟာ ၂၀၀၃ ကေန ၂၀၀၉ အထိ ကစားခဲ့တဲ့ ယူႏိုက္တက္ကို ျပန္ခ်င္ေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

Unicode

အီတလီအေးဂျင့် အန်ဒရီယာဒီအာမီကိုကတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကို စွန့်ခွာပြီး ယူနိုက်တက်ကို ပြန်ပြောင်းဖွယ် ရှိနေတယ်လို့ သူ့အမြင်ကို ပြောကြားလိုက်ပါတယ်။

အသက် ၃၆ နှစ်သားဟာ ၂၀၂၀ – ၂၁ ရာသီမှာ ဂျူဗီနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီသားရဲ့တူရင်မြေအနာဂတ်က မသေချာတဲ့အနေအထားမှာရှိနေပြီး စာချုပ်မကုန်ခင်မှာ တစ်နှစ်သက်တမ်း တိုးချင်နေပါတယ်။ ယူနိုက်တက်ကတော့ လာမယ့်ရာသီသစ်မှာရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ဒါကြီးဖြစ်လာဖို့ကတော့ ခန့်မှန်းရခက်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ဒီရာသီအကုန်မှာ ဂျူဗီကနေ ထွက်ခွာဖို့ သေချာနေပါတယ်။ ဂျာမနီ နဲ့ စပိန်ကိုသွားမှာမဟုတ်လောက်ပဲ ကစားသမားဘဝကို ယူနိုက်တက်မှာပဲ ကုန်ဆုံးပါလိမ့်မယ်”လို့ ဒီအာမီကိုက ပြောကြားခဲ့ပါတယ်။

ယခင်သတင်းတွေအရ ရော်နယ်ဒိုဟာ ၂၀၀၃ ကနေ ၂၀၀၉ အထိ ကစားခဲ့တဲ့ ယူနိုက်တက်ကို ပြန်ချင်နေတယ်လို့ ဖော်ပြနေကြပါတယ်။