ပရီးမီးယားလိဂ် သမိုင်းနဲ့ချီပြီး ထူးခြားလွန်းတဲ့ စံချိန်ကို မန်ယူအသင်း ရသွားအောင် ပါရမီဖြည့်ပေးခဲ့တဲ့ အိုနာနာ
မန်ယူ ဂိုးသမား အင်ဒရေ အိုနာနာဟာ တနင်္ဂနွေနေ့ညတုန်းက ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ အဲဗာတန်ကို အနိုင်ရတဲ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခု ရေးထိုးနိုင်အောင် ကူညီပေးခဲ့ပါတယ်။
အိုနာနာဟာ ဂွတ်ဒီဆင်ပါ့ခ်တွင် အဲဗာတန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပွဲမှာ ယူနိုက်တက်ဟာ ပွဲအစ ၃ မိနစ်မှာပင် အလီဂျန်ဒရို ဂါနာချိုရဲ့ နောက်ပြန် ကန်ချက်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင် ခဲ့ပြီး ရက်ဖို့ဒ်က ပင်နယ်တီမှ တဆင့် ဒုတိယဂိုး သွင်းခဲ့ပါတယ်။ ယင်းနောက် မာရှယ်က ယူနိုက်တက်အတွက် တတိယ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဟာ အင်ဒရေအိုနာနာရဲ့ လက်စွမ်ပြကာကွယ်မှုများကြောင့် ဂိုးမပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အဲဗာတန်နှင့်ပွဲတွင် ဂိုးမပေးခဲ့ရပြီးနောက် ပရီးမီးယားလိဂ် သမိုင်းတွင် ပွဲ ၅၀၀ ဂိုး မပေးရတဲ့ပွဲ ပိုင်ဆိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
တဖက်တွင် အိုနာနာဟာလည်း ယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ ပွဲ ၅ ပွဲ ပိုင်ဆိုင်လာပါတယ်။ အသက် ၂၇ နှစ်ရှိ ဂိုးသမားဟာ ရာသီအစတုန်းက အမှားများ ပြုလုပ်ကာ ဂိုးများပေးခဲ့ရပြီးနောက် ယူနိုက်တက် ကစားသမားဘဝ တာထွက် မလှခဲ့သူ ဖြစ်ပါတယ်။