စီရော်နယ်ဒိုထက် လစာပိုပေးမှ မန်ယူမှာ နေမယ်လို့ ပေါ့ဘာ ပြောထားကြောင်း သတင်းထွက်
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်ပေါ့ဘာဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေနဲ့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၈လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အကယ်၍ စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခြင်း မရှိပါက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ သူ့ကို အလွတ်နဲ့ လက်လွှတ် ဆုံးရှုံးရမှာပါ။
ပြင်သစ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ အခွင့်အလမ်း များပြားနေပေမယ့် အကယ်၍ အသင်းဘက်ကသာ သူ့ကို စံချိန်တင် လုပ်ခလစာနဲ့ ကမ်းလှမ်းမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်နေဖို့ စဉ်းစားနိုင်ကြောင်း သိရပါတယ်။
လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ပြီး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တပတ် လုပ်ခလစာ ပေါင် ၄၅၀၀၀၀ ဝန်းကျင်အထိ ရရှိနေပါတယ်။
ဒါကြောင့် မန်ယူအသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုအောင် တပတ်လုပ်ခ ပေါင် ၅သိန်း ပမာဏလောက် အထိ ကမ်းလှမ်းရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေ ကတော့ အသင်းဘက်က ပေါ့ဘာကို တပတ် လုပ်ခလစာ ပေါင် ၃၅၀၀၀၀ထက် ပိုပေးဖို့ ဆန္ဒမရှိတာကြောင့် ပေါ့ဘာဟာ မန်ယူ ကနေ ထွက်ခွာရဖို့ ရှိနေကြောင်း သတင်းဌာနတွေကို ဖွင့်ဟထားပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္လူ တဦး ျဖစ္သူ ေပါလ္ေပါ့ဘာဟာ အသင္းရဲ႕ လုပ္ခလစာ အမ်ားဆုံး ကစားသမား ျဖစ္လာမွ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ စဥ္းစားမွာ ျဖစ္ေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြနဲ႔ ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၈လသာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး အကယ္၍ စာခ်ဳပ္သစ္သာ ခ်ဳပ္ဆိုႏိုင္ျခင္း မရွိပါက မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ရာသီကုန္မွာ သူ႔ကို အလြတ္နဲ႔ လက္လႊတ္ ဆုံးရႈံးရမွာပါ။
ျပင္သစ္ နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ L’equipe သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေပါလ္ေပါ့ဘာဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ကေန ထြက္ခြာဖို႔ အခြင့္အလမ္း မ်ားျပားေနေပမယ့္ အကယ္၍ အသင္းဘက္ကသာ သူ႔ကို စံခ်ိန္တင္ လုပ္ခလစာနဲ႔ ကမ္းလွမ္းမယ္ ဆိုရင္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ဆက္ေနဖို႔ စဥ္းစားႏိုင္ေၾကာင္း သိရပါတယ္။
လက္ရွိ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ လုပ္ခလစာ အမ်ားဆုံး ကစားသမားဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ခရစၥတီယာႏို ႐ိုနယ္ဒို ျဖစ္ၿပီး ႐ိုနယ္ဒိုဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ တပတ္ လုပ္ခလစာ ေပါင္ ၄၅၀၀၀၀ ဝန္းက်င္အထိ ရရွိေနပါတယ္။
ဒါေၾကာင့္ မန္ယူအသင္းဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေအာင္ တပတ္လုပ္ခ ေပါင္ ၅သိန္း ပမာဏေလာက္ အထိ ကမ္းလွမ္းရဖို႔ ရွိေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ နီးစပ္သူေတြ ကေတာ့ အသင္းဘက္က ေပါ့ဘာကို တပတ္ လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ထက္ ပိုေပးဖို႔ ဆႏၵမရွိတာေၾကာင့္ ေပါ့ဘာဟာ မန္ယူ ကေန ထြက္ခြာရဖို႔ ရွိေနေၾကာင္း သတင္းဌာနေတြကို ဖြင့္ဟထားပါတယ္။