ဂါလာတာစာရေးနဲ့ ကန်ဖို့ တူရကီ ထွက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက် ၂၂ ယောက် လူစာရင်း ထွက်ပေါ်

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် ဂါလာတာစာရေး အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် တူရကီ သို့ ထွက်ခွာသွားတဲ့ လူစာရင်းလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ထူးထူးခြားခြား အနေနဲ့ နည်းပြ တန်ဟက်ဟာ ဒီပွဲ အတွက် လူငယ် ကစားသမားလေးတွေ ဖြစ်တဲ့ ဒန်ဂိုးနဲ့ ဂျိုး ဟူဂေးလ်တို့ကိုပါ ခေါ်ဆောင်သွားပါတယ်။

ဒီ အကယ်ဒမီထွက် လူငယ်လေး နှစ်ဦးလုံးဟာ ချန်ပီယံလိဂ် အတွေ့အကြုံ မရှိသေးသူပါ။ ဒီနှစ်ယောက်ဟာ ခရီး ထွက်သွားတဲ့ လူစာရင်းထဲ ပါဝင်သွားတာပါ။

တူရကီသို့ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် ၂၂ ယောက် လူစာရင်း က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers: Altay Bayindir, Tom Heaton, Andre Onana.

Defenders: Diogo Dalot, Victor Lindelof, Harry Maguire, Sergio Reguilon, Luke Shaw, Raphael Varane, Aaron Wan-Bissaka.

Midfielders: Sofyan Amrabat, Bruno Fernandes, Dan Gore, Hannibal, Kobbie Mainoo, Scott McTominay.

Forwards: Antony, Alejandro Garnacho, Rasmus Hojlund, Joe Hugill, Anthony Martial, Facundo Pellistri.

ယူနိုက်တက်ဟာ ဒီညမှာသာ ဂါလာတာစာရေး ကို ရှုံးရင် ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်မယ့် မျှော်လင့်ချက် အဆုံးသတ်သွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိ အုပ်စု အေ ရဲ့ အောက်ဆုံးမှာ ရှိနေတဲ့ ယူနိုက်တက်ဟာ အုပ်စုပွဲ ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။