အာဆင်နယ် ခေါ်လိုက်တဲ့ ဘန်ဝှိုက်က ယူနိုက်တက် ခေါ်တဲ့ ဗာရန်းထက် ပိုကောင်းတယ်လို့ ရိုက်ဖိလစ် ပြော
မန်စီးတီးကစားသမားဟောင်း ရိုက်ဖိလစ်က ဘန်ဝှိုက်သည် မန်ယူခေါ်လိုက်သော ဗာရန်းထက် ပို၍ကောင်းမွန်သည့် ကစားသမားဖြစ်ကြောင်း၊ အာဆင်နယ်ကို ဘန်ဝှိုက် ရောက်လာသဖြင့် စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဝှိုက်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ပြီးနောက် ဘရိုက်တန်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၉-၂၀ တွင် လိဒ်စ်အသင်း၌ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့သော ဘန်ဝှိုက်သည် ယခုနောက်ပိုင်းနှစ်များတွင် ခြေစွမ်းတောက်လျှောက်တက်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ်လည်း ယူရို-၂၀၂၁ တွင် ပါဝင်ခဲ့သည်။

ပြင်သစ်နှင့် ကမ္ဘာ့ဖလားရရှိထားသော ဗာရန်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းသာပေး၍ မန်ယူက ခေါ်ယူသွားချိန်တွင် အင်္ဂလန်နောက်ခံလူ ဘန်ဝှိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ပေးခဲ့ရသဖြင့် ဝေဖန်မှုအချို့ ရှိခဲ့သည်။ သို့ရာတွင် မန်စီးတီးကစားသမားဟောင်း ရိုက်ဖိလစ်က အင်္ဂလန်ရိုးရာနောက်ခံလူပုံစံ ကစားနိုင်သည့် ဘန်ဝှိုက်ကို ချီးကျူးလိုက်ပြီး အာတီတာသည် ဗာရန်းထက်ပိုကောင်းသော ခံစစ်မှူးကို ခေါ်ယူလိုက်နိုင်သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“အာဆင်နယ် လိုနေတဲ့ ခံစစ်မှူးပုံစံ ကစားနိုင်တဲ့သူကတော့ ဘန်ဝှိုက်ပါပဲ။ အင်္ဂလန်က ရိုးရာခံစစ်မှူးတွေပုံစံ ကစားတတ်တဲ့သူမျိုးပါ။ သူက စိတ်ဓာတ်မာကျောသလို ဘောလုံးကိုင်ကစားရာမှာလည်း ကောင်းပါတယ်”ဟု ရိုက်ဖိလစ်က ပြောဆိုခဲ့သည်။
သတင်းသမားများက ဘန်ဝှိုက်အနေဖြင့် ဗာရန်းထက်ပိုကောင်းမည်လားဟု မေးမြန်းရာ ရိုက်ဖိလစ်က “မှန်ပါတယ်။ ဒီလိုဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဒါက ကြီးကျယ်တဲ့ ခန့်မှန်းချက်တောင် ဖြစ်လာနိုင်တယ်။ ဘန်ဝှိုက်က ပရီးမီးယားလိဂ်မှာ အခြေကျနေတဲ့ ခံစစ်မှူးတစ်ဦးဖြစ်သလို ဘရိုက်တန်မှာ အပါတ်စဉ်ကစားနေသူတစ်ယောက် ဖြစ်ပါတယ်။ ဗာရန်းကတော့ လိဂ်ပြောင်းကစားရတာဖြစ်ပြီး ဖိအားတွေအများကြီး ရှိပါတယ်”ဟု ပြောဆိုခဲ့သည်။
သတင်းသမားများက ဘန်ဝှိုက်နှင့် ဗာရန်းနှစ်ဦးအနက် မည်သူ့ကို ခေါ်ယူမည်လဲဟု မေးရာတွင် ရိုက်ဖိလစ်က ဘန်ဝှိုက်ကို ရွေးချယ်ခဲ့သည်။ ဘန်ဝှိုက်သည် အာဆင်နယ်နောက်တန်း၏ အားနည်းချက်များကို ဖာထေးရန်အတွက် အာတီတာက ဈေးကြီးပေးခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

ZG
မန္စီးတီးကစားသမားေဟာင္း ႐ိုက္ဖိလစ္က ဘန္ဝႈိက္သည္ မန္ယူေခၚလိုက္ေသာ ဗာရန္းထက္ ပို၍ေကာင္းမြန္သည့္ ကစားသမားျဖစ္ေၾကာင္း၊ အာဆင္နယ္ကို ဘန္ဝႈိက္ ေရာက္လာသျဖင့္ စိတ္လႈပ္ရွားမိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ဝႈိက္သည္ ၿပီးခဲ့သည့္ေဘာလုံးရာသီတြင္ ေျခစြမ္းျပႏိုင္ၿပီးေနာက္ ဘ႐ိုက္တန္မွ အာဆင္နယ္သို႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ျဖင့္ ေရာက္ရွိခဲ့ျခင္းျဖစ္သည္။ ၂၀၁၉-၂၀ တြင္ လိဒ္စ္အသင္း၌ တစ္ရာသီအငွားျဖင့္ သြားေရာက္ကစားခဲ့ေသာ ဘန္ဝႈိက္သည္ ယခုေနာက္ပိုင္းႏွစ္မ်ားတြင္ ေျခစြမ္းေတာက္ေလွ်ာက္တက္လာခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အျဖစ္လည္း ယူ႐ို-၂၀၂၁ တြင္ ပါဝင္ခဲ့သည္။
ျပင္သစ္ႏွင့္ ကမာၻ႔ဖလားရရွိထားေသာ ဗာရန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂ သန္းသာေပး၍ မန္ယူက ေခၚယူသြားခ်ိန္တြင္ အဂၤလန္ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ေပးခဲ့ရသျဖင့္ ေဝဖန္မႈအခ်ိဳ႕ ရွိခဲ့သည္။ သို႔ရာတြင္ မန္စီးတီးကစားသမားေဟာင္း ႐ိုက္ဖိလစ္က အဂၤလန္႐ိုးရာေနာက္ခံလူပုံစံ ကစားႏိုင္သည့္ ဘန္ဝႈိက္ကို ခ်ီးက်ဴးလိုက္ၿပီး အာတီတာသည္ ဗာရန္းထက္ပိုေကာင္းေသာ ခံစစ္မႉးကို ေခၚယူလိုက္ႏိုင္သည္ဟု ယုံၾကည္ေၾကာင္း ေျပာဆိုသည္။
“အာဆင္နယ္ လိုေနတဲ့ ခံစစ္မႉးပုံစံ ကစားႏိုင္တဲ့သူကေတာ့ ဘန္ဝႈိက္ပါပဲ။ အဂၤလန္က ႐ိုးရာခံစစ္မႉးေတြပုံစံ ကစားတတ္တဲ့သူမ်ိဳးပါ။ သူက စိတ္ဓာတ္မာေက်ာသလို ေဘာလုံးကိုင္ကစားရာမွာလည္း ေကာင္းပါတယ္”ဟု ႐ိုက္ဖိလစ္က ေျပာဆိုခဲ့သည္။
သတင္းသမားမ်ားက ဘန္ဝႈိက္အေနျဖင့္ ဗာရန္းထက္ပိုေကာင္းမည္လားဟု ေမးျမန္းရာ ႐ိုက္ဖိလစ္က “မွန္ပါတယ္။ ဒီလိုျဖစ္လာမယ္လို႔ ယုံၾကည္တယ္။ ဒါက ႀကီးက်ယ္တဲ့ ခန႔္မွန္းခ်က္ေတာင္ ျဖစ္လာႏိုင္တယ္။ ဘန္ဝႈိက္က ပရီးမီးယားလိဂ္မွာ အေျခက်ေနတဲ့ ခံစစ္မႉးတစ္ဦးျဖစ္သလို ဘ႐ိုက္တန္မွာ အပါတ္စဥ္ကစားေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ဗာရန္းကေတာ့ လိဂ္ေျပာင္းကစားရတာျဖစ္ၿပီး ဖိအားေတြအမ်ားႀကီး ရွိပါတယ္”ဟု ေျပာဆိုခဲ့သည္။
သတင္းသမားမ်ားက ဘန္ဝႈိက္ႏွင့္ ဗာရန္းႏွစ္ဦးအနက္ မည္သူ႔ကို ေခၚယူမည္လဲဟု ေမးရာတြင္ ႐ိုက္ဖိလစ္က ဘန္ဝႈိက္ကို ေ႐ြးခ်ယ္ခဲ့သည္။ ဘန္ဝႈိက္သည္ အာဆင္နယ္ေနာက္တန္း၏ အားနည္းခ်က္မ်ားကို ဖာေထးရန္အတြက္ အာတီတာက ေဈးႀကီးေပးေခၚယူခဲ့ျခင္းျဖစ္သည္ဟု သတင္းမ်ားက ေဖာ္ျပသည္။