ကီပါကို အလိုရှိနေတဲ့ ဆာရီ၊ ချူဝါမီနီ၊ ဇီယက်တို့နဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအသင်းရဲ့ ဒုတိယဦးစားပေး ဂိုးသမား ကီပါအရီဇာဘလာဂါဟာ ကာလရှည် အရန်ခုံထိုင်နေရတာ ငြီးငွေ့လာတာကြောင့် အပြောင်းအလဲ ပြုလုပ်နေလိုပြီး အသင်းသစ်ပြောင်းရန် စိတ်ဝင်စားနေခဲ့ပါတယ်။ ဒီအကြောင်းကို သိရှိနေတဲ့ လာဇီယိုအသင်းက ကစားသမားအပေါ် ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေခဲ့ပါတယ်။
နည်းပြ ဆာရီရဲ့ လာဇီယိုအသင်းဟာ ကီပါကို အငှားနဲ့ ခေါ်ယူလိုနေရာ ကစားသမားရဲ့ လစာကို အပြည့်အဝ ပေးချေလိုခြင်း မရှိဘဲ ခြင်္သေ့ပြာတို့က တစိတ်တပိုင်း ကျခံသွားရဖွယ် ရှိနေပါတယ်။

ဂျီနိုအာအသင်း နည်းပြသစ်ဖြစ်လာတဲ့ ရှက်ဖ်ချန်ကိုကတော့ ချဲလ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ပွဲကစားခွင့်တွေ မရဖြစ်နေတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ချိန်ရွယ်လာကြောင်း သိရှိရပါတယ်။
ရှက်ဖ်ချန်ကိုက ချဲလ်ဆီးအသင်းမှ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ပူလီဆစ်နဲ့ တစ်နိုင်ငံတည်း ဘယ် အစွန်လူ ဇင်ချန်ကိုတို့ကို သူ့ရဲ့ ပထမဆုံး ခေါ်ယူမှုတွေအဖြစ် ချိတ်ဆက်မှု လုပ်လိုနေပါတယ်။
အသက် ၂၁ နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကစားသမား အော်ရီလီယန် ချူဝါမီနီ ကို ဥရောပ ထိပ်သီးကလပ်တွေ အများအပြား ချိတ်ဆက်နေကြပြီး အဲဒီထဲ ပရီးမီးယားလိဂ်မှ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းလည်း ပါဝင်နေပါတယ်။

Tuttosport သတင်းဌာန အဆိုအရ မိုနာကိုအသင်းဟာ သူတို့ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ချူဝါမီနီ အတွက် ယူရို ၄၅ သန်း – သန်း ၅ဝ လောက် အလိုရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ဟာကင် ဇီယက်ခ်ျကို အငှားနဲ့ ခေါ်ယူချင်နေကြောင်း BILD သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။
ဇီယက်ခ်ျကတော့ မနှစ်ကရာသီကမှ ချဲလ်ဆီးအသင်းကို အေဂျက်ဇ် အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ခြေစွမ်းပြသဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ယခုရာသီမှာတော့ ပွဲထွက်ခွင့် နည်းပါးနေခဲ့ပြီး ပုံမှန်ခြေစွမ်းမပြသနိုင်သေးပါဘူး။