ဒီရာသီ ဈေးဦးပေါက် အရင်ဆုံး ထုတ်ခံရမယ့် နည်းပြ အဖြစ် အဲရစ်တန်ဟက် က ထိပ်ဆုံးက ရေပန်းစားနေပါပြီ
ဒီတလော ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဈေးဦးပေါက် အဖြစ် ပထမဆုံး အထုတ်ခံရမဲ့ နည်းပြအဖြစ် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ယူနိုက်တက်အသင်းဟာ
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂါလာတာစာရေးနဲ့သရေကျခဲ့တာကြောင့် အဲရစ်တန်ဟက်အတွက် ဖိအားပိုများလာပြီဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂါလာတာစာရေးကို ၂-၀ ဂိုး၊ ၃-၁ ဂိုးတွေနဲ့ အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်မထိန်းနိုင်ဘဲ ၃ ဂိုးစီ သရေကျခဲ့တာကြောင့် အခုဆိုရင် ချန်ပီယံလိဂ်အုပ်စုကနေ လှည့်ပြန်ရဖို့ နီးစပ်နေပါပြီ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ၆၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစမှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစားအပြီးမှာပဲ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုကနေ ထွက်ရဖို့ နီးစပ်သွားပြီးတဲ့နောက် ရာသီမကုန်ခင် နည်းပြရာထူးက အထုတ်ခံရဖို့ ဘွတ်ကီဒိုင် တွေရဲ့အလေးပေးချက်မှာ ထိပ်ဆုံးက ရေပန်းစားနေပြီဖြစ်ပါတယ်။
နာမည်ကျော် ဘွတ်ကီဝက်ဘ်ဆိုက်ဖြစ်တဲ့ Betfair က ရာသီမကုန်ခင် အဲရစ်တန်ဟက် ရာထူးက အထုတ်ခံရဖို့ အတွက် ၄ လေး/၆ လေးနဲ့ အလေးပေးချက်ဖွင့်လှစ်ထားပြီး အဲရစ်တန်ဟက်သာ အထုတ်ခံရရင် ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ဇီဒန်းက ၇ လေး/၂ လေးနဲ့ ရေပန်းစားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲကြပ် ကစားရမှာ ဖြစ်ပြီး အဲဒီနောက် အိမ်ကွင်းပွဲတွေအဖြစ် ချယ်လ်ဆီး၊ ဘုန်းမောက်တို့နဲ့ ဆက်တိုက်ကစားရမှာပါ။
အဲဒီနောက် ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်တာကြောင့် လာမယ့် ပွဲတွေမှာ ရလဒ်မကောင်းရင် အဲရစ်တန်ဟက်ရဲ့အနာဂတ် မသေချာနိုင် တော့ပါဘူး။