လာမယ့် ၅ ပွဲအတွင်း အဝါထိ ရင် ပွဲပယ်ခံရမယ့် ကစားသမားတွေထဲ ဘရူနို ဖာနန်ဒက်စ်လည်း ပါဝင်
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အပါအဝင် ပရီးမီးယားလိဂ်ကစားသမား ၂၇ ဦး တို့ဟာ လာမယ့် ၅ ပွဲအတွင်းတွင် အဝါကတ် တစ်ကတ် ပြသခြင်းခံလာရပါက ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံရတော့မှာ ဖြစ်ပါတယ်။
ကစားသမားများဟာ ပရီးမီးယားလိဂ်ပထမအကျော့ ၁၉ အတွင်းတွင် အဝါကတ် ၅ ကတ်ပြသခြင်းခံရတိုင်း ၁ ပွဲ ပွဲပယ် ခံရပါတယ်။

မန်စီးတီး ကစားသမားတွေ ဖြစ်တဲ့ ရိုဒရီနှင့် ဂျက်ဂရေးလစ်ရှ်တို့ဟာ အဝါကတ် ၅ ကတ်ပြည့်သွားပြီ ဖြစ်ကာ ယနေ့ည အက်စတွန်ဗီလာနှင့် ပွဲတွင် ပွဲပယ်ခံထားရပြီး ဖြစ်ပါတယ်။
မန်ချကစ်တာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်မှာလည်း ယနေ့ည ချဲလ်ဆီးနှင့် ပွဲတွင် အဝါကတ် ပြသခြင်း ခံရပါက ပယ်ခံရပါမယ်။
အသက် ၂၉ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးမှု ပြုလုပ်ထားသူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် နောက်ထပ် အဝါကတ် ၁ ကြိမ်ပြသခံရလျှင် ၁ ပွဲပယ်ခံရမဲ့ ပရီးမီးယားလိဂ်ကစားသမား ၂၇ ဦး အထိ ရှိနေပါတယ်။
ထိုအထဲတွင် အင်္ဂလန်စတားများဖြစ်ကြရန် ကီရန်ထရစ်ပီယာ၊ လူးဝစ်ဒန်ခ့်၊ အာဆင်နယ်စတားကိုင်ဟာဗတ်ဇ်၊ ဗီလာမှ မတ်တီကက်ရှ်၊ လူကပ်စ်ဒီဂနီ၊ ဒေါက်ကလပ်လူးဝစ်ဇ်တို့ ပါဝင်နေပါတယ်။
ဒါ့အပြင် ချယ်ဆီးအသင်းမှ ရာဟမ်းစတာလင်းနှင့် အန်ဇိုဖာနန်ဒက်ဇ်တို့လည်း ပါဝင်နေပြီး ယနေ့ည မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် အထူးသတိထားကစားရပါမယ်။