ပြင်သစ်လိဂ်ကသာ ကမ္ဘာမှာ အခက်ဆုံးလို့ ကိုယ့်ငါးချဉ် ကိုယ် ချဉ်လိုက်တဲ့ ပိုချက်တီနို
ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ပြင်သစ် လီဂူးပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ကိုယ်ကာယ ကြံ့ခိုင်မှုကို အားအပြုရဆုံး လိဂ်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး သူ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ထက်တောင် ကစားဖို့ ပိုမို ခက်ခဲကြောင်း သုံးသပ်ခဲ့ပါတယ်။
ဘောလုံးလောကမှာတော့ ပြင်သစ်လီဂူးဝမ်းကို Farmers’ League လို့တောင် ခပ်နှိမ်နှိမ် ခေါ်လေ့ ရှိတာပါ။ ပိုချက်တီနိုကတော့ လူတွေဟာ ပြင်သစ် လီဂူးဝမ်းနဲ့ ပတ်သတ်ပြီး အမြင်တွေ မှားယွင်းနေကြောင်းနဲ့ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ကစားရ အခက်ခဲဆုံး လိဂ်တခု ဖြစ်ကြောင်း ဆိုခဲ့တာပါ။

ပိုချက်တီနိုက – “ ကျွန်တော့်ရဲ့ အမြင်မှာတော့ လီဂူးဝမ်းပြိုင်ပွဲက ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး လိဂ်တခုပါ။ ဒီလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကလည်း အရည်အချင်းတွေ ရှိကြပါတယ်။ ပြီးတော့ လီဂူးဝမ်းပြိုင်ပွဲက ကမ္ဘာပေါ်မှာ ကိုယ်ကာယ ကြံ့ခိုင်မှု အားအပြုဆုံး လိဂ်တခုလည်း ဖြစ်ပါတယ်။
ဒီလိဂ်မှာ အရည်အသွေးမြင့် နည်းပြတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီလိဂ်ရဲ့ ပွဲစဉ်တိုင်းမှာ ခင်ဗျားတို့က အရည်အသွေးမြင့်တဲ့ ကစားပုံတွေကို မြင်တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဒီမှာ ရှိတဲ့ အသင်းတွေက ဘယ်တော့မှ အရှုံးပေးဖို့ စိတ်ကူး မရှိကြပါဘူး။
ဒါကြောင့် ဒီလိဂ်က အတော်လေးကို ကောင်းတဲ့ လိဂ်တခုလို့ မြင်ပြီး ဒီနေရာမှာ ရှိနေခွင့် ရလို့ ပျော်ရွှင်မိပါတယ်။ လီဂူးဝမ်းပြိုင်ပွဲက ပရီးမီးယားလိဂ်ထက် ပိုပြီး ကောင်းတဲ့ လိဂ်တခုလို့တော့ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီလိဂ်က ကမ္ဘာ့အခက်ခဲဆုံး လိဂ်တခုပါ” လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနား လူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုဟာ ယခုနှစ်ရဲ့ ဇန်နဝါရီလမှ စတင်ကာ ပီအက်စ်ဂျီအသင်းကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပိုချက်တီနိုရဲ့ လက်အောက်မှာ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားနဲ့ ပြင်သစ် စူပါဖလား တို့ကို ရရှိထားပါတယ်။
ZG
ပီအက္စ္ဂ်ီ အသင္းရဲ႕ နည္းျပျဖစ္သူ ပိုခ်က္တီႏို ကေတာ့ ျပင္သစ္ လီဂူးၿပိဳင္ပြဲဟာ ကမာၻေပၚမွာ ကိုယ္ကာယ ႀကံ့ခိုင္မႈကို အားအျပဳရဆုံး လိဂ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး သူ က်င္လည္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ထက္ေတာင္ ကစားဖို႔ ပိုမို ခက္ခဲေၾကာင္း သုံးသပ္ခဲ့ပါတယ္။
ေဘာလံုးေလာကမွာေတာ့ ျပင္သစ္လီဂူးဝမ္းကို Farmers’ League လို႔ေတာင္ ခပ္နွိမ္နွိမ္ ေခၚေလ့ ရွိတာပါ။ ပိုခ်က္တီႏိုကေတာ့ လူေတြဟာ ျပင္သစ္ လီဂူးဝမ္းနဲ႔ ပတ္သတ္ၿပီး အျမင္ေတြ မွားယြင္းေနေၾကာင္းနဲ႔ ျပင္သစ္ လီဂူးဝမ္းၿပိဳင္ပြဲဟာ ကမာၻေပၚမွာ ကစားရ အခက္ခဲဆုံး လိဂ္တခု ျဖစ္ေၾကာင္း ဆိုခဲ့တာပါ။
ပိုခ်က္တီႏိုက – “ ကြၽန္ေတာ့္ရဲ႕ အျမင္မွာေတာ့ လီဂူးဝမ္းၿပိဳင္ပြဲက ကမာၻေပၚမွာ အရႈပ္ေထြးဆုံး လိဂ္တခုပါ။ ဒီလိဂ္မွာ ကစားေနတဲ့ ကစားသမားေတြကလည္း အရည္အခ်င္းေတြ ရွိၾကပါတယ္။ ၿပီးေတာ့ လီဂူးဝမ္းၿပိဳင္ပြဲက ကမာၻေပၚမွာ ကိုယ္ကာယ ႀကံ့ခိုင္မႈ အားအျပဳဆုံး လိဂ္တခုလည္း ျဖစ္ပါတယ္။
ဒီလိဂ္မွာ အရည္အေသြးျမင့္ နည္းျပေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ ဒီလိဂ္ရဲ႕ ပြဲစဥ္တိုင္းမွာ ခင္ဗ်ားတို႔က အရည္အေသြးျမင့္တဲ့ ကစားပုံေတြကို ျမင္ေတြ႕ရပါလိမ့္မယ္။ ၿပီးေတာ့ ဒီမွာ ရွိတဲ့ အသင္းေတြက ဘယ္ေတာ့မွ အရႈံးေပးဖို႔ စိတ္ကူး မရွိၾကပါဘူး။
ဒါေၾကာင့္ ဒီလိဂ္က အေတာ္ေလးကို ေကာင္းတဲ့ လိဂ္တခုလို႔ ျမင္ၿပီး ဒီေနရာမွာ ရွိေနခြင့္ ရလို႔ ေပ်ာ္႐ႊင္မိပါတယ္။ လီဂူးဝမ္းၿပိဳင္ပြဲက ပရီးမီးယားလိဂ္ထက္ ပိုၿပီး ေကာင္းတဲ့ လိဂ္တခုလို႔ေတာ့ ကြၽန္ေတာ္ မေျပာႏိုင္ပါဘူး။ ဒါေပမယ့္ ဒီလိဂ္က ကမာၻ႔အခက္ခဲဆုံး လိဂ္တခုပါ” လို႔ ေျပာၾကားခဲ့ပါတယ္။
ကမာၻ႔အေကာင္းဆုံး နည္းျပေတြထဲက တဦး အျဖစ္ သတ္မွတ္ခံထားရတဲ့ အာဂ်င္တီးနား လူမ်ိဳး နည္းျပျဖစ္သူ ပိုခ်က္တီႏိုဟာ ယခုႏွစ္ရဲ႕ ဇန္နဝါရီလမွ စတင္ကာ ပီအက္စ္ဂ်ီအသင္းကို စတင္ ကိုင္တြယ္ခဲ့သူ ျဖစ္ၿပီး ပိုခ်က္တီႏိုရဲ႕ လက္ေအာက္မွာ ပီအက္စ္ဂ်ီအသင္းဟာ ျပင္သစ္ဖလားနဲ႔ ျပင္သစ္ စူပါဖလား တို႔ကို ရရွိထားပါတယ္။