မန်ချက်စတာ ယူနိုက်တက်ကို ရှယ်နှိမ်ထားတဲ့ ပေါမာဆန်ရဲ့ ဒီအပတ် လီဗာပူး – မန်ယူ ပွဲကြို ဟောကိန်းထုတ်ချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ် စူပါဆန်းဒေးမှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် လီဗာပူးနဲ့ ထိပ်တိုက် တွေ့နေပြီး ကြိုးကြာနီတို့ရဲ့ အန်းဖီးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး တစ်ဆူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အင်္ဂလန် ဒါဘီ ပွဲကြီး အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

လူတွေက ဒီပွဲကို ပွဲကြီးတစ်ပွဲလို့ ပြောနေပေမယ့် တကယ်ကော ဟုတ်သေးရဲ့လား? ဒီပွဲက ဒီအပတ်အတွက် ကျနော် ခန့်မှန်းဖို့ အလွယ်ကူဆုံး ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ ဘရူနို ပွဲပယ်ခံထားရတယ်။ လုရှော၊ ဗာရန်း၊ မက်ဂွဲရားတို့ ဒဏ်ရာကြောင့် ဘိုင်ယန်ပွဲမှာ လူစားလဲခံခဲ့ရတာက ယူနိုက်တက်ကို အားနည်းစေတယ်။

အန်ဖီးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်တို့ သရေရခဲ့ရင် စီးတီးကွင်းမှာ ပဲလေစ့်တို့ သရေကျတာထက်တောင်မှ ကျနော် အံ့ဩမိဦးမယ်။ ဒါက ဒီပွဲမှာ လီဗာပူးတို့ နိုင်ပွဲရမယ်လို့ ကျနော် ဘယ်လောက်ထိ ယုံကြည်မှုရှိတယ် ဆိုတာပါပဲ။ အဲရစ်တန်ဟက်ရဲ့ အသင်းက တကယ်ကိုပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဘိုင်ယန်ပွဲမှာတင် မဟုတ်ဘဲ နိုင်ရမယ့် ဘုန်းမောက်နဲ့ပွဲမှာလည်း ရလဒ်ကောင်း မရခဲ့ပါဘူး။ သူတို့ကို လီဗာပူးတို့ ၃-၀ ဖြင့် အနိုင်ရသွားမယ် ထင်ပါတယ်။ မက်ကယ်လစ္စတာ မပါနိုင်တာ ပြဿနာ ဆိုပေမယ့် ကလော့ပ်ရဲ့ ကွင်းလယ်မှာ ရွေးချယ်စရာတွေ ရှိနေပါတယ်။

ယူနိုက်တက် အတွက်ကတော့ နည်းပြတန်ဟက်ဟာ သူ့ကစားသမားတွေကို ကွင်းထဲ ပစ်ထည့်လိုက်တာပဲ လုပ်နိုင် ပါတယ်။ ဒီရာသီမှာ ယူနိုက်တက် ကစားသမားတွေက ဘာမှ မကောင်းပါဘူး။ တစ်ဖက်မှာ လီဗာပူးကတော့ ပွဲကြပ်တွေကို အနိုင်ယူပြီး အာဆင်နယ်နဲ့ ရမှတ် ကွာဟချက်ကို ဖြည့်တင်းနေတာ ဖြစ်ပါတယ်။

အပတ်တိုင်း ကျနော်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းတွေ မှားယွင်းမှာကို စိတ်ပူနေရပေမယ့် ဒီပွဲအတွက် ခန့်မှန်းဖို့ကတော့ နည်းနည်းလေးတောင် စိတ်မပူပါဘူး။

ပေါမာဆန်ကြီးရဲ့ပွဲ ခန့်မှန်းရလဒ်

လီဗာပူး ၃-ဝ မန်ချက်စတာ ယူနိုက်တက်။