သရေကျတယ် ဆိုပေမယ့် မန်ယူက အနိုင်တောင် ရနိုင်ခဲ့တာ လို့ ပြောဆိုလိုက်တဲ့ နည်းပြ တန်ဟက်
မနေ့ညက လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ သရေကျခဲ့တဲ့ပွဲဟာ နည်းပြတန်ဟက်ရဲ့ ပုခုံးပေါ်က ဖိအားတွေကို ဖယ်ရှားပေးခဲ့ပြီး ယူနိုက်တက်ကလည်း အန်ဖီးကွင်းမှာ ဒီရာသီ သရေတစ်မှတ် ခွဲယူနိုင်တဲ့ ပထမဆုံး အသင်းလည်း ဖြစ်လာစေခဲ့ပါတယ်။
သရေကျခဲ့တယ် ဆိုပေမယ့် ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ရမှတ်တွေ ယူနိုင်ခြင်းကပဲ ဘောလုံးရဲ့ အရေးကြီး ကိစ္စဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေ ကိုယ့်ရဲ့ အခွင့်အရေးကို အရယူနိုင်ရင် သရေမဟုတ်ဘဲ ပွဲကို အနိုင်တောင် ရနိုင်တယ်လို့ ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

တန်ဟက်က ” ကိုယ်ရလိုက်တဲ့ ရမှတ်တိုင်းက အရေးကြီးပါတယ်။ ဘောလုံးဆိုတာ ရလဒ်တွေအတွက် ယှဉ်ပြိုင် တိုက်ခိုက် ရတာပါ။ ကိုယ့်ရဲ့ အခွင့်အရေးတွေကို အရယူနိုင်ရင် ဒီနေ့ပွဲမှာ ကျနော်တို့ အနိုင်တောင် ရနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်မှတ်ကို ကျနော်တို့ ယူရတာ ကျေနပ်ပါတယ်။ အန်ဖီးကွင်းမှာ လီဗာပူးက ပုံစံကောင်းရနေပြီး ဂိုးအမြဲ သွင်းနိုင် ပေမယ့် ကျနော်တို့ကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ သူတို့ အခွင့်အရေး ဖန်တီးဖို့ ဂိုးသွင်းဖို့ကို ကျနော်တို့ ရပ်တန့်ပြခဲ့ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။
လီဗာပူးကတော့ ဒီပွဲ သရေကျသွားတာကြောင့် အမှတ်ပေး ဇယား ထိပ်ဆုံး နေရာကနေ ဆင်းပေးခဲ့ရပြီး ဒုတိယ နေရာမှာ ရှိနေပါတယ်။