ဒီရာသီ လီဗာပူးနဲ့ အတူ ဖလားလေးလုံး ယူဖို့ ရည်မှန်းထားတဲ့ ဂိုးသမား အယ်လီဆန်

လီဗာပူးနဲ့ ဘရာဇီးလ် ဂိုးသမား ဖြစ်သူ အယ်လီဆန်ကတော့ ဒီနှစ် ဘောလုံးရာသီမှာ လီဗာပူးနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ အားလုံးကို ရရှိအောင် ပစ်မှတ်ထား ကြိုးစားနေတယ် လို့ ကြုံးဝါးသွားခဲ့ပါတယ်။

အယ်လီဆန်က – “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ် ဆုဖလားကို ပြန်ပြီး ရယူနိုင်ဖို့ ဆိုတာထက် ပိုကြီးမားပါတယ်။ ကျွန်တော်တို့တွေ ဆုဖလားတွေ အများကြီး ရယူချင်ပါတယ်။ ကျွန်တော်တို့က ယှဉ်ပြိုင် ကစားခွင့် ရထားတဲ့ ပြိုင်ပွဲအားလုံးရဲ့ ဆုဖလားတွေ အကုန်လုံးကို လိုချင်ပါတယ်။

ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖလားကို လိုချင်တယ်။ ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲချင်တယ်။ အက်ဖ်အေဖလားကိုလည်း လိုချင်တယ်။ ကာရာဘောင်းပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့လို အသင်းမျိုးက ဆုဖလား ၄လုံးစလုံးကို တပြိုင်ထဲ ရယူနိုင်ဖို့ အမြဲတမ်း ကြိုးစားသင့်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တွေက တစ်ပွဲချင်းစီပဲ အာရုံစိုက်သင့်တယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့က လုပ်ရမယ့် အလုပ်တွေကို ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

လီဗာပူးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင် နေသေးသလို ကာရာဘောင်းဖလားကို ရယူဖို့လည်း အခြေအနေ ကောင်းနေပြီး အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတို့ကိုလည်း ရယူနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲ ကစားထားရာ ၆ပွဲနိုင် ၄ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၂၂မှတ် ရထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာမှာ ရှိနေပြီး အဆင့်၁နေရာက ချယ်လ်ဆီးအသင်းနဲ့ ၄မှတ်သာ ကွာဟပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးအသင်းဟာ ၄ပွဲကစား ၄ပွဲနိုင်ထားတာကြောင့် အုပ်စုအဆင့် ကနေ နောက်တဆင့်ကို အုပ်စု ပထမနေရာနဲ့ တက်ရောက်ထားနိုင်ပြီး ကာရာဘောင်း ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် အထိ ရောက်ရှိနေပါတယ်။

ZG

လီဗာပူးနဲ႔ ဘရာဇီးလ္ ဂိုးသမား ျဖစ္သူ အယ္လီဆန္ကေတာ့ ဒီႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးနဲ႕ အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားတို႔ အားလုံးကို ရရွိေအာင္ ပစ္မွတ္ထား ႀကိဳးစားေနတယ္ လို႔ ႀကဳံးဝါးသြားခဲ့ပါတယ္။

အယ္လီဆန္က – “ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က ပရီးမီးယားလိဂ္ ဆုဖလားကို ျပန္ၿပီး ရယူႏိုင္ဖို႔ ဆိုတာထက္ ပိုႀကီးမားပါတယ္။ ကြၽန္ေတာ္တို႔ေတြ ဆုဖလားေတြ အမ်ားႀကီး ရယူခ်င္ပါတယ္။ ကြၽန္ေတာ္တို႔က ယွဥ္ၿပိဳင္ ကစားခြင့္ ရထားတဲ့ ၿပိဳင္ပြဲအားလုံးရဲ႕ ဆုဖလားေတြ အကုန္လုံးကို လိုခ်င္ပါတယ္။ ကြ

ကၽြန္ေတာ္တို႔ေတြ ခ်န္ပီယံလိဂ္ဖလားကို လိုခ်င္တယ္။ ပရီးမီးယားလိဂ္မွာလည္း ဗိုလ္စြဲခ်င္တယ္။ အက္ဖ္ေအဖလားကိုလည္း လိုခ်င္တယ္။ ကာရာေဘာင္းၿပိဳင္ပြဲမွာလည္း ခ်န္ပီယံ ျဖစ္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔လို အသင္းမ်ိဳးက ဆုဖလား ၄လုံးစလုံးကို တၿပိဳင္ထဲ ရယူႏိုင္ဖို႔ အၿမဲတမ္း ႀကိဳးစားသင့္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြက တစ္ပြဲခ်င္းစီပဲ အာ႐ုံစိုက္သင့္တယ္ လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔က လုပ္ရမယ့္ အလုပ္ေတြကို ၁၀၀ ရာခိုင္ႏႈန္း အာ႐ုံစိုက္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။

လီဗာပူးအသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ေရပန္းစားေနတဲ့ အသင္းေတြထဲမွာ ပါဝင္ ေနေသးသလို ကာရာေဘာင္းဖလားကို ရယူဖို႔လည္း အေျခအေန ေကာင္းေနၿပီး အက္ဖ္ေအဖလားနဲ႔ ပရီးမီးယားလိဂ္ ဆုဖလားတို႔ကိုလည္း ရယူႏိုင္တဲ့ အေနအထားကို ပိုင္ဆိုင္ထားပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၁၁ပြဲ ကစားထားရာ ၆ပြဲႏိုင္ ၄ပြဲသေရ ၁ပြဲရႈံး ဆိုတဲ့ ရလဒ္နဲ႔ ရမွတ္ ၂၂မွတ္ ရထားကာ အမွတ္ေပးဇယားရဲ႕ အဆင့္၄ေနရာမွာ ရွိေနၿပီး အဆင့္၁ေနရာက ခ်ယ္လ္ဆီးအသင္းနဲ႔ ၄မွတ္သာ ကြာဟပါတယ္။

ဒါ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း လီဗာပူးအသင္းဟာ၄ပြဲကစား ၄ပြဲႏိုင္ထားတာေၾကာင့္ အုပ္စုအဆင့္ ကေန ေနာက္တဆင့္ကို အုပ္စု ပထမေနရာနဲ႔ တက္ေရာက္ထားႏိုင္ၿပီး ကာရာေဘာင္း ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ အထိ ေရာက္ရွိေနပါတယ္။