ဒီပွဲ မန်ချက်စတာ ယူနိုက်တက် မနိုင်ဘူး ဆိုတဲ့ ဆရာကြီး ပေါမာဆန်ရဲ့ ဝက်စ်ဟမ်းနဲ့ ပွဲကြို သုံးသပ် ဟောကိန်းထုတ်ချက်

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း လန်ဒန်မှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ၇ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာတော့ မန်ချက်စတာ ယူနိုက်တက်က ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး ဝက်စ်ဟမ်းက ၂၇ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝက်စ်ဟမ်း – မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ်ခန့်မှန်း ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်

အရင်အပတ်က လီဗာပူးကို ရင်ဆိုင်တုန်းက ယူနိုက်တက်က အတော်လေး ကောင်းခဲ့ပါတယ်။ အကယ်လို့ အီတီဟတ်မှာ အာဆင်နယ်က သူတို့လို လုပ်ပြနိုင်ရင် အားလုံးက ချီးကျူးကြမှာပါ။

ဝက်စ်ဟမ်းက ဒီပွဲမှာ ဂိုးသွင်းမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ပြဿနာတွေ ပေးနိုင်မှာပါ။ နှစ်သင်း လုံး ခြေစွမ်း သိပ်ကောင်းနိုင်သလို ခြေစွမ်းလည်း ဆိုးရွားနိုင်ပါတယ်။ ဒီပွဲက ခန့်မှန်းရခက်ခဲပေမယ့် ကျနော်ကတော့ သရေကျသွားမယ် ထင်မိပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

ဝက်စ်ဟမ်း ၂-၂ မန်ချက်စတာ ယူနိုက်တက်။