ဝက်စ်ဟမ်းကို မန်ယူက ရှုံးကို ရှုံးမှာ လို့ တပ်အပ် ပြောလာပြန်တဲ့ ဘီဘီစီမှ ဆရာကြီး ခရစ်ဆက်တန်

ဒီအပတ် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်ကတော့ အန်းဖီးမှာ ဘတ်စ်ကားကွက်နဲ့ ကစားသွားတယ်၊ ဒီပွဲမှာရော အဲဒီလိုပဲ လုပ်ဦးမလား ? ကျွန်တော်တော့ မထင်ပါဘူး။

ဒါပေမယ့် တကယ်တမ်းတော့ ဝက်စ်ဟမ်းက သူတို့ကို နိုင်သွားမယ်လို့တောင် ကျွန်တော် ထင်နေတယ်။ များသော အားဖြင့် သူတို့ ဒီလိုပွဲတွေကို သရေကျမယ် လို့ ကျွန်တော်က မှန်းတတ်တာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ ဝုဗ်နဲ့ ပွဲက ကစားပုံကို ကြွေမိတယ်။

တဖက်မှာ အဲရစ်တန်ဟက်ရဲ့ အသင်းကို ကျွန်တော် အထင်ကြီး သဘောကျတာ မရှိသေးဘူး။ သူတို့ လီဗာပူးနဲ့ ပွဲ သရေကျလို့ အောင်ပွဲ ခံရင် ခံမယ်။

ဒါပေမယ့် ယူနိုက်တက် ဖန်တွေ အနေနဲ့ သူတို့ အသင်း ဘယ်လောက် ပြိုလဲကျဆင်းနေသလဲ ဆိုတာဲ့ တကယ့် အခြေအနေ မှန် ဖြစ်နေတာတွေကို မေ့ထားလို့ မရဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ဝက်စ်ဟမ်း ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။