အတိတ်က အရိပ်ကြောင့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် တန်းဆင်းရသည်ထိ ဆိုးသွားမှာ ပရိသတ်များ စိုးရိမ်နေကြ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အရင် အတိတ်က ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားမှာကို အသင်းပရိသတ်တွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
တန်ဟက်ရဲ့ ယူနိုက်တက်အသင်းဟာ စနေနေ့က ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီပြိုင်ပွဲစုံ ၁၃ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားခဲ့တာပါ။ ဒီရှုံးပွဲတွေလိုပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၁၉၃၀ နောက်ပိုင်း ခရစ္စမတ်ကာလ မတိုင်ခင် ရှုံးပွဲအများအပြားနဲ့ အတူမှတ်တမ်းဆိုးတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဆိုပါရာသီတုန်းက အခုပရီးမီးယားလိဂ် အရင် အင်္ဂလန်ပထမတန်းကနေ တန်းဆင်းခဲ့ရတာပါ။ ၁၉၃၀-၃၁ ရာသီမှာ အာဆင်နယ်အသင်းက ရမှတ် ၇ မှတ်အသာနဲ့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီး အက်စတွန်ဗီလာအသင်းက ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း တန်းဆင်းမှာကို ပရိသတ်တွေက စိုးရိမ်နေတာပါ။
ပရိသတ်တစ်ဦးက “အဲဒီလို ဖြစ်ခဲ့တဲ့ နှစ်မှာပဲ ကျနော်တို့တန်းဆင်းခဲ့ပြီး အာဆင်နယ်က လိဂ်ဖလားကို ရယူနိုင် ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
နောက်ထ ပ်ပရိသတ်တွေကလည်း ယူနိုက်တက်အသင်းဟာ တန်းဆင်းဖို့အတွက် ပွဲကို ချဉ်းကပ်နေပြီး ရှက်စရာ ကောင်းတဲ့ အသင်းအဖြစ် ရှိနေတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ၁၉၃၀-၃၁ ရာသီက ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဟတ်ဒါဖီးစ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
ရလဒ်တွေ ဆိုးနေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ဘောက်ဆင်ဒေးနေ့မှာ ပွဲကြပ် ပွဲစဉ်အဖြစ် အဆင့် ၃ နေရာမှ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။