ဒီည မန်ယူ – အက်စတွန်ဗီလာ ပွဲ ဘယ်လိုရလဒ်ထွက်မလဲ အတိအကျ တွက်ထုတ်ထားတဲ့ စူပါကွန်ပျူတာ
December 26, 2023 | | No Comments
ဒီနေ့ည ဘောက်ဆင်ဒေးပွဲ အဖြစ် ကစားကြမယ့် မန်ချက်စတာ ယူနိုက်တက် – အက်စတွန် ဗီလာပွဲတို့ရဲ့ ပရီးမီးယားလိဂ် ပွဲ ဘယ်လိုရလဒ်တွေ ထွက်လာမလဲ စူပါကွန်ပျူတာက ခန့်မှန်းချက်တွေ ထုတ်လာပါတယ်။
ရလဒ်တွေ ဆက်တိုက် ဆိုးနေတဲ့ မန်ချက်စတာ ယူနိုက်တကဟာ ဒီညမှာ အနိုင် ရလဒ်ကောင်း ထွက်ဖို့ လိုအပ်နေပါတယ်။

ယူနိုက်တက်က လီဗာပူးနဲ့ သရေပွဲ ပြီးတဲ့နောက် ဝက်စ်ဟမ်းကို ရှုံးထားတာကြောင့် ဖိအားအောက် ပြန်လည် ရောက်ရှိနေပါတယ်။ နည်းပြတန်ဟက်ရဲ့ ရာထူးထိုင်ခုံကလည်း ဒီရလဒ်အပေါ် မူတည်နေပါလိမ့်မယ်။
အက်စတွန်ဗီလာဟာ ဒီရာသီ ပုံစံကောင်းတွေကြောင့် ထိပ်ဆုံး ၄ သင်းထဲ ရောက်နေသလို ပရီးမီးယားလိဂ်ကိုတောင် စိန်ခေါ်နေတာပါ။
စူပါ ကွန်ပျူတာကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အက်စတွန်ဗီလာနဲ့ အိုးထရက်ဖို့ဒ်မှာ ၂-၂ သရေ ရလဒ် ထွက်မယ် လို့ ဆိုထားပါတယ်။