ရက်ဖို့ဒ်ကို တစ်ပတ် လုပ်ခ ၆ သိန်း၊ ပြောင်းရွှေ့ကြေး သန်း ၂ဝဝ နီးပါးနဲ့ ကမ်းလှမ်းမယ့် ကလပ်အသင်း ထွက်ပေါ်လာ
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှုး မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်း ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၈၀)နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိတယ်လို့ သတင်း ထွက်လာပါတယ်။
လက်ရှိ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁)နေရာမှာ ရပ်တည်လျက် ရှိနေတဲ့ အယ်လ်ဟီလာ အသင်းဟာ နေမာ မီထရိုဗစ် ကူလီဘလီ မီထရိုဗစ်တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆော်ဒီ ထိပ်တန်းကလပ်အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ သူတို့ရဲ့ နာမည်ကြီး ကစားသမား နေမာက တံကောက်ကြော ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဦးမှာ ဖြစ်တဲ့အတွက် နောက်ထပ် ထိပ်တန်း ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူချင်လာ ခဲ့တာပဲ ဖြစ်ပါတယ်။
အယ်လ်ဟီလာဟာ လီယွန်နယ် မက်ဆီ နဲ့ ကီလီယန် အမ်ဘာပေတို့လို ကမ္ဘာ့ထိပ်တန်း တိုက်စစ် ကစားသမား တွေကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ဖူးတဲ့ ကလပ်အသင်းဖြစ်ပြီး အခုလည်း ရပ်ရှ်ဖို့ဒ်လို အင်္ဂလန် နာမည်ကျော် ကစားသမားကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ထွက်ပေါ်ထားတဲ့ သတင်းတွေထဲမှာတော့ အယ်လ်ဟီလာအသင်းက ရပ်ရှ်ဖို့ဒ်အတွက် တစ်ပတ်လုပ်ခကို ပေါင် ၆ သိန်း လောက်အထိ ပေးချေသွားဖို့ပါ ကမ်းလှမ်းထားပြီး ဘုတ်အဖွဲ့ဝင်တွေ အပြောင်းအလဲ ဖြစ်ထားတဲ့ ယူနိုက်တက်အနေနဲ့ ဒီကမ်းလှမ်းမှုကို စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတစ်ဦး ယူနိုက်တက်ရဲ့ အရေးအပါဆုံးသော ကစားသမား ဖြစ်နေ ပေမယ့်လည်း ဒီရာသီမှာ သူရဲ့ ခြေစွမ်းပိုင်းတွေ အတော်လေး ညံဖျင်းလွန်းနေပါတယ်။