မန်ယူ ၂-ဝ နဲ့ ရှုံးနေပေမယ့် come back နဲ့ ပြန်လာနိုင်မှာ လို့ ဒုတိယပိုင်း မစခင်တည်းက ယုံကြည်မှု ရှိရှိ ကြိုပြောခဲ့တဲ့ သရဲနီဟောင်းကြီး
ဒီနေ့ နံနက်ခင်းက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ရဲ့ ဘောက်ဆင်ဒေးပွဲက မန်ယူ အတွက် သရဲနီဟောင်းကြီး အီဗရာရဲ့ပထမပိုင်းအပြီး ခန့်မှန်းမှုဟာ အဲဒီအချိန်က ရူူးနေတာလားလို့ ထင်ချင်စရာပါ။
ဒါပေမဲ့ နောက်ဆုံးမှာ ပြင်သစ်သားကြီးပြောတာက တကယ်ဖြစ်လာပါတယ်။ ဗီလာကို ၂-၀ နဲ့ ရှုံးနေတဲ့ ပထမပိုင်းအပြီးမှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုဟာ ဒေါသထွက်နေသလို လှောင်ပြောင်မှုလည်း လုပ်ခဲ့ကြတာပါ။

တည်ကန်ဘော ၂ ဂိုးကြောင့် ဗီလာ နည်းပြ အမ်မရီကတော့ သူ့နည်းပြဘ၀ ပထမဆုံးအကြိမ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရမလို ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန် Amazon Prime Sport ရဲ့ရုပ်သံစတူဒီယိုထဲက အီဗရာကတော့ သူ့အသင်းဟောင်းနဲ့ပတ်သက်လို့ အကောင်းမြင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ သူ့အသင်းပြန်လာမယ်ဆိုတာကို မန်ယူဘယ်နောက်ခံလူဟောင်းက အခုလို ပြောခဲ့ပါတယ်။
”သူတို့သာ ဒီလိုပုံစံပဲ ဆက်ကစားမယ်ဆိုရင်၊ တည်ကန်ဘောတွေကို ပိုအာရုံစိုက်မယ်ဆိုရင် ၃-၂ နဲ့ ပြန်နိုင်မှာပါ။ အဲဒါဆို ကျွန်တော် အံ့သြမိမှာ မဟုတ်ဘူး”လို့ အီဗရာက ကြိုပြောခဲ့တာ ဖြစ်ပါတယ်။
တကယ်လည်း ဒုတိယပိုင်းမှာ မန်ယူအသ်ငးဟာ အီဗရာကြိုပြောသလို ဖြစ်လာခဲ့ပါတယ်။
ဂါနာချို့ဂိုးတွေနဲ့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဟွိုင်လန်းက အနိုင်ဂိုးသွင်းခဲ့လို့ ဘောက်ဆင်ဒေးက သူတို့ရဲ့ အစဉ်အလာ ကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီနိုင်ပွဲကြောင့် မန်ယူဟာ ၄ ပွဲဆက်နိုင်ပွဲပျောက်မှု၊ ဂိုးပေါက်ပျောက်မှုတွေကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။