လီဗာပူး၊ မန်ယူ၊ အာဆင်နယ်၊ မန်စီးတီးတို့ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ သတင်းထူးများ

မန်စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ဖူးသူ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလိမ့်မယ်လို့ ဗြိတိန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ဂျာမနီလူငယ်လေး အာဒယ်ရယ်မီဟာ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပေမယ့်လို့ ယာဂင်ကလော့ပ် ခေါ်ယူမယ်ဆိုရင် လီဗာပူးကို ငြင်းဆန်လိုခြင်း မရှိဘူးလို့ ဂျာမနီ သတင်းထောက်ကြီး Christian Falk က ဖော်ပြလာပါတယ်။

ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဘာပေက လက်ရှိအချိန်မှာ သူအနေနဲ့ ပြင်သစ်မြေမှာသာ ပျော်ရွှင်လျက်ရှိနေပြီး ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ မစ်ဒယ်ဘရော့နည်းပြသစ် ခရစ်ဝိုင်ဒါရဲ့ အလိုရှိစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

အာဆင်နယ်ဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နီကိုးလပ် ပီပီကို ပေါင် ၂၅ သန်း ဝန်းကျင့်ဖြင့် ပြန်လည် ရောင်းချဖို့ အလိုရှိနေကြောင်း အသံထွက်နေပါတယ်။

ဝုဗ်အသင်းဟာ တိုက်စစ်သမား ဟွမ်ဟီချန်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ဇန်နဝါရီမှာ ကြိုးစားနိုင်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်ထံ အငှားလာကစားနေတဲ့ တောင်ကိုးရီးယား စတားကို လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ စောင့်ကြည့်နေခြင်းကြောင့် ဝုဗ်ဘက်က လက်ဦးမှု ရယူလိုနေတာပါ။

အက်စတွန်ဗီလာ မန်နေဂျာ စတီဗင်ဂျရတ်ဟာ ရိန်းဂျားအသင်းမှ လူငယ်စတားဟောင်း ရွိုင်ကန့်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။ လီဗာပူးအသင်းဟာ ရွိုင်ကန့်ရဲ့ အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၂၀% ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီမှာ မိုနာကို ကွင်းလယ်လူ ချိုအာမင်နီကို ခေါ်ယူဖို့အတွက် လီဗာပူးကိုကျော်ပြီး ရှေ့ဆုံးကနေ ပြေးနေတယ်လို့ သိရပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ပြင်သစ်သား ခံစစ်မှူး ကွန်ဒီဟာ ဆီဗီလာမှာ ပျော်ရွှင်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ စပိန်ကလပ်ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။

နယူးကာဆယ်ဟာ ဘွန်ဒက်လီဂါမှ လိုက်ဇစ်ပုံစံ အသင်းကို တည်ဆောက်လိုပြီး အလားအလာရှိ လူငယ်တွေကို ခေါ်ယူသွားဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒါပေမယ့်လို့ ဇန်နဝါရီမှာတော့ ပရီးမီးယားလိဂ်မှာ ပွဲကစားခွင့် ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်၊ လင်ဂတ်နဲ့ ဒင်း ဟန်ဒါဆန်လို ကစားသမားတွေကို ခေါ်ယူရေး ကြိုးစားမှာဖြစ်တယ်။

ဘာစီလိုနာ မန်နေဂျာ ဇာဗီဟာ နူးကမ့်မှာ ကလပ်ကို ပြန်လည် တည်ဆောက်ရေးအတွက် ဆာလာက အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

ကက်တလန် အခြေစိုက်ကလပ်က အီဂျစ်သားကို လီဗာပူးကနေ ခေါ်ထုတ်ဖို့အတွက်လည်း စတင်ပြီး နည်းလမ်းရှာဖွေတော့မှာ ဖြစ်ပါတယ်။