အာဆင်နယ်ပွဲမှာ ပထမအသင်းသား ၉ ဦးထိကို ဒဏ်ရာကြောင့် လက်လွတ်ရမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်ခြင်းတွေကို ထပ်မံ ရင်ဆိုင်နေရကာ ပထမအသင်းကြီးရဲ့ အသင်းသား ၉ ဦးထိဟာ အာဆင်နယ်ပွဲမှာ ပါဝင်သွားဖို့ မသေချာဘူးလို့ သိရပါတယ်။

အဓိက ကွင်းလယ် ကစားသမားအများစု ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကွင်းလယ်မှာ မီလ်နာ၊ ဂျုံး ၊ အယ်လီယော့၊ တီယာဂို၊ ကီတာ တို့ ဒဏ်ရာတွေကြောင့် ကစားပေးနိုင်ခြင်း မရှိချိန်မှာ ဒဏ်ရာက ပြန်ကောင်းလာနေကြတဲ့ ချန်ဘာလိန်နဲ့ ဖာဘင်ဟို ကလဲ ပုံစံကောင်းတွေ ပျောက်ဆုံးလျှက် ရှိနေပါတယ်။

ကလော့ပ် အတွက် ကွင်းလယ်မှာ အဓိက အားကိုးစရာဆိုလို့ ဟန်ဒါဆင် တစ်ဦးတည်းပဲ ကျန်နေခြင်းဖြစ်ကာ သူကလည်း အင်္ဂလန် အတွက် ကစားပေးရင်း ဒဏ်ရာပြသနာ ရရှိသွားခဲ့တယ်။ ဒါဟာ ကွင်းလယ်လူ နည်းပါးနေတဲ့ လီဗာပူး အတွက် စိုးရိမ်စရာ သတင်းဖြစ်ပြီး ၊ အာဆင်နယ် နဲ့ ပွဲမှာ ဘယ်သူတွေကို ထုတ်သုံးလာနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ရဲ့ ဖော်ပြချက်မှာတော့ ဟန်ဒါဆင်ဟာ ဒဏ်ရာပြသနာကြောင့် လက်ရွေးစင် ကစားသမား စာရင်းကနေ နှုတ်ထွက်ကာ လီဗာပူး ကို ပြန်သွားပြီ ဖြစ်ပြီး ၊ နောက်ထပ် ဆေးစစ်ချက်တွေ ဆက်လက် ခံယူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဒဏ်ရာ အနေအထားက ဘယ်အခြေအနေမျိုးမှာ ရှိနေတယ် ဆိုတာ သေချာ မသိကြရသေးပါဘူး။

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဖရိကဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ဆီနီဂေါ အသင်းရဲ့ ပွဲစဉ်မှာလဲ တိုက်စစ်မှုး ဆာဒီယို မာနေး ဟာ ပြိုင်ဘက် ခံစစ်မှုးတွေ နဲ့ ထိခိုက်မိပြီး ၊ နံရိုး နာသွားလို့ 28 မီးနစ် နဲ့ လူစား လဲလိုက်ရပါတယ်။ နည်းပြ ဆစ်ဆေး ကတော့ မာနေး ရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာ မရှိဘူးလို့ ရှင်းပြပေမယ့် သူကလဲ အာဆင်နယ် နဲ့ ပွဲမှာ ပါဝင် ကစားပေးနိုင်ဖို့ မသေချာပါဘူး။

ဒီရာသီမှာ ခြေစွမ်း ကစားပေးနေတဲ့ ဖာမီနို ကလဲ ဒုတိယမြောက် တံကောက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် 6 ပတ် နဲ့ အထိ အနားယူနေရပါတယ်။ လက်ရှိမှာ လူငယ် ခံစစ်မှုး ဂျိုး ဂိုးမက်ဇ် က ခြေသလုံး ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။