မန်ယူ ပရိသတ်တွေက အများကြီး မျှော်လင့်လို့ အများကြီး ဝေဖန်နေကြတာပါ လို့ ခံယူထားတဲ့ ဂိုးသမား အိုနာနာ
မန်ချက်စတာ ယူနိုက်တက် အသင်း ဂိုးသမား အိုနာနာက အသင်းဟောင်း အင်တာမီလန်ကို ချစ်ခင်နေဆဲ ဖြစ်သော် လည်း မန်ယူအသင်းက အင်တာမီလန်ထက် ပိုမိုအင်အားကြီးမားသည်ဟု စကိုင်းစပေါ့ အီတလီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။
အသက် ၂၇ နှစ် အရွယ် ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာ ဟာ ၂၀၂၂ နွေရာသီတွင် အေဂျက်စ်အသင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့ ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ် အကြာမှာပဲ ၂၀၂၃ နွေရာသီမှာ မန်ယူ အသင်းထံ ယူရိုသန်း(၅၀)ဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိ မန်ယူအသင်းမှာ အမှားအယွင်းများမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းကိုလည်း အိုနာနာက ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးမားမှုကြောင့် လို့ ဆိုခဲ့ပါတယ်။
“လူတွေက ကျွန်တော့်ဆီက အများကြီး မျှော်လင့်ထားတာကြောင့် အခုလို ဝေဖန်ပြစ်တင်မှုတွေ ရှိနေတာပါ။ ကျွန်တော့် အတွက် ဒါဟာ ပြဿနာမဟုတ်ပါဘူး။
ကျွန်တော် အင်တာမီလန်မှာလည်း ဝေဖန်မှုတွေနဲ့ စတင်ခဲ့ပြီး ချစ်ခြင်းနဲ့ အဆုံးသတ်နိုင်ခဲ့တာပါ။ အကောင်းနဲ့အဆိုး အခိုက်အတန့်တွေက ထာဝရ မတည်မြဲပါဘူး”ဟု အိုနာနာက ဆိုခဲ့ပါတယ်။
အိုနာနာဟာ နောက်ဆုံး ကစားထားတဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲမှာလည်း ပြိုင်ဘက်က ဂိုးပေါက် ၂ ကြိမ် တည့်ခဲ့ရာ ၂ ဂိုး ပေးခဲ့ရတာကြောင့် ဝေဖန်ခံရမှုတွေ မြင့်တက်နေပါတယ်။