တန်ဟက်ရဲ့ တပည့်ရင်း တစ်ယောက် အပါအဝင် ဇန်နဝါရီမှာ မန်ယူအသင်း ရှင်းထုတ်မယ့်သူ ၅ ဦး စာရင်း ထွက်လာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝိတ်လျှော့တဲ့အနေနဲ့ လက်ရှိ ဇန်နဝါရီဈေးကွက်ထဲမှာ ကစားသမား ၅ ယောက်နဲ့ လမ်းခွဲဖို့ ရှိတယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်တဲ့ ဆာဂျင်ရက်လစ်ဖ်ဟာ ဘောလုံးရေးရာနဲ့ ပတ်သက်တဲ့ အရပ်ရပ်ဆိုင်ရာ ကိစ္စတွေကို ချုပ်ကိုင်ဖို့ အသင့်ဖြစ်နေပြီး ကစားသမား ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပစ်မယ့် အနေ အထားရှိပါတယ်။

ဒါကြောင့် အခု ဇန်နဝါရီ ဈေးကွက်ထဲမှာတင် မန်ယူကို ကျောခိုင်းရဖို့ ရှိနေတဲ့ ကစားသမား ၅ ယောက်အထိ ရှိလာပြီလို့ အင်္ဂလန်သတင်းတွေက ရေးသား ဖော်ပြပါတယ်။
ပထမဆုံး တစ်ယောက်ကတော့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဖြစ်ပြီး ဒေါ့မွန်အသင်းကို အငှားစာချုပ်နဲ့ ပြန်ရောက်သွားဖို့အတွက် နာရီပိုင်းပဲ လိုတော့တဲ့ အနေအထားလို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ ဂျာမနီမှာရှိနေတုန်းက ဒေါ့မွန်အတွက် ၁၃၇ ပွဲမှာ ဂိုး ၅၀ အထိ သွင်းနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
ဒုတိယ တစ်ယောက်ကတော့ မာရှယ်ဖြစ်ပြီး စာချုပ်သက်တမ်းက အခုလာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။ ဒါကြောင့် ပြင်သစ်သားဟာလည်း မန်ယူကနေ ရှင်း ထုတ်ခံရမယ့် စာရင်းထဲမှာ ပါနေပြီဖြစ်ပါတယ်။
တတိယ တစ်ယောက်ကတော့ အဓိက အားထားရတဲ့ ကွင်းလယ်လူ ကာဆီမီရို ဖြစ်နေတယ်။ ရက်ကလစ်ဖ် ဦးဆောင်တဲ့အဖွဲ့ရဲ့ သဘောထားဟာ အရွယ်ကျနေတဲ့ ကစားသမားတွေကို မန်ယူမှာ ဆက်ပြီး မထားချင်တဲ့ ဆန္ဒမျိုး ရှိနေတဲ့အတွက် ဘရာဇီးသားဟာလည်း အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားရ တော့မယ့် အနေအထားရှိနေပါတယ်။
စတုတ္ထ တစ်ယောက်ကတော့ ရာဖေးလ်ဗာရန်းဖြစ်ပြီး ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မယ့် ပြင်သစ်သားဟာ နည်းပြ အဲရစ်တန် ဟတ်ရဲ့ စီမံကိန်းတွေထဲမှာ မရှိတော့ပါဘူး။
လက်ရှိ မန်ယူအသင်း ခံစစ်ပိုင်းမှာ မက်ဂွိုင်း ယားနဲ့ အီဗန်တို့အတွဲက နေရာရနေတာကြောင့် ဗာရန်းရဲ့ အနာဂတ် ဟာ မရေရာတဲ့ အနေအထားကို ရောက်သွားခဲ့ပြီး အခု ဇန် နဝါရီမှာပဲ ရှင်းထုတ်ခံရနိုင်ခြေ ရှိနေပါတယ်။
နောက်ဆုံးတစ်ယောက်ကတော့ နည်းပြ တန်ဟတ်ရဲ့ တပည့်ရင်း ဖြစ်တဲ့ အမ်မရာဘတ်ပါ။ အငှားနဲ့ ခေါ်ယူထားတဲ့ ဖီအို ရင်တီးနား ကွင်းလယ်လူက လည်း အခုဇန်နဝါရီမှာ ပဲ အိပ်မက်ကဇာတ်ရုံကို ကျောခိုင်းရတော့မယ့် အခြေအနေကို ရောက်သွားပါပြီ။