ဇန်နဝါရီ ပစ်မှတ် ၃ဦး၊ ချာလိုဘတ်၊ ဘာစီနဲ့ ချိတ်နေတဲ့ အလွန်ဆိုနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီး နည်းပြ တူချယ်ဟာ အက်သလက်တီကိုကနေ အငှားလာကစားနေတဲ့ ဆာအူးလ်ရဲ့ ခြေစွမ်းကို နှစ်သက်ခြင်း မရှိတာကြောင့် အပြီးသတ် ခေါ်ယူမှု ပြုလုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ချဲလ်ဆီး နောက်ခံလူ အလွန်ဆို ဟာ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်လျက် ရှိနေကြောင်း သတင်းထွက်လာပါတယ်။ ဘာစီနည်းပြသစ်ဇာဗီ က အစွန်ခံစစ်သမား တစ်ဦး အလိုရှိနေတာပါ။
ချယ်ဆီး လူငယ်ခံစစ်သမား ချာလိုဘတ်ဟာ ကလပ်မှာ ပွဲကစားခွင့် သိပ်မရပေမယ့်လည်း စိတ်ရှည်ရှည်ထားပြီး အခွင့်အရေးကို စောင့်ဆိုင်းမယ်လို့ ထုတ်ပြောလာပါတယ်။

ချဲလ်ဆီးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆီဗီလာ နောက်ခံလူ ကွန်ဒီ၊ ဂျူဗင်တပ် နောက်ခံလူ ဒီလိုက်ချ်နဲ့ နာပိုလီ တိုက်စစ်မှူး အင်ဆစ်ဂ်နီတို့ ၃ ဦးကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။
ချဲလ်ဆီး နည်းပြတူချယ်က သူတို့အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်အောင် အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ လက်ရှိခြေစွမ်းကို ရာသီကုန်အထိ ထိန်းသိမ်းသွားရမယ်လို့ ဆိုခဲ့ပါတယ်။
ဇန်နဝါရီမှာ အပြောင်းအရွှေ့ ကိစ္စတွေကို စဉ်းစားတဲ့အခါ နော့ဝစ်ချ်အသင်းထံ အငှားချထားတဲ့ ဂေလ်းမားကို ပြန်လည် ခေါ်ယူမလားဆိုတာကို ထည့်သွင်း ဆုံးဖြတ်မယ်လို့ မန်နေဂျာ တူချယ်က ပြောပါတယ်။
နွေတုန်းက ချဲလ်ဆီးအသင်းထံ ပြောင်းဖို့ မအောင်မြင်ခဲ့တာက သူ့ကို စိတ်ဓါတ်ပိုင်း ထိခိုက်စေခဲ့ပေမယ့် အခုချိန်မှာတော့ ရင်ဆိုင် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်လို့ ဆီးဗီးလာအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသသွားဖို့ အာရုံစိုက်နေကြောင်း ပြင်သစ် ခံစစ်မှူး ကွန်ဒီက ပြောပါတယ်။

မန်စီးတီးတိုက်စစ်ကစားသမား မာရက်ဇ်က ချဲလ်ဆီးဂန္ထဝင်ဟောင်း ဒရော့ဂ်ဘာက သူ့ရဲ့ စံပြ ကစားသမားဖြစ်ကြောင်း၊ ငယ်ငယ်တုန်းက သူ့အနေနဲ့ ဒရော့ဂ်ဘာနဲ့ တွေ့ဆုံဖူးခြင်း မရှိကြောင်း၊ ဘောလုံးနယ်ပယ်ထဲဒရော့ဂ်ဘာနဲ့ တွေ့တဲ့အခါ ပရိသတ်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဗဟိုခံစစ်မှူး နေရာကို အင်အားဖြည့်ရေးအတွက် ရီးရဲလ်မက်ဒရစ် ခံစစ်သမား မီလီတိုကို ပေါင် ၃၄ သန်းဖြင့် ကမ်းလှမ်းမယ်လို့ သတင်းထွက်နေပါတယ်။