ရက်ကလစ်ဖ် မန်ယူ ဝယ်ပြီး ပထမဆုံး ဖြေရှင်းရမယ့် ပြဿာကြီး တစ်ရပ် (သို့မဟုတ်) ကက်စ်မီရို
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်ဘူ ကက်စ်မီရိုနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကြီး တစ်ခုကို စတင် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
INEOS လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ မန်ယူရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူ လိုက်ပြီးတဲ့နောက် အသင်းရဲ့ဘောလုံးရေးရာ ကိစ္စတွေ ကို လွှဲပြောင်းရယူနေပြီဖြစ်ပါတယ်။

နောက်ပြီး ရက်ကလစ်ဖ်ဦးဆောင်တဲ့ အဖွဲ့ဟာ ကက်စ်မီရိုရဲ့ လုပ်ခလစာကိစ္စနဲ့လည်းပတ်သက်ပြီး အဆင်ပြေအောင် လုပ်ပေးဖို့ ဆန္ဒရှိ နေပါတယ်။
ဒါပေမဲ့ ကက်စ်မီရိုနဲ့ ပတ်သက်လို့ အတားအဆီး ဖြစ်နေတာက ယူနိုက်တက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့ ရောက်လာပြီး တစ်ပတ် လုပ်ခလစာ ပေါင် ၃၅၀၀၀၀ ရနေတဲ့ ဘရာဇီးသားဟာ စာချုပ်သက်တမ်း ၂ နှစ် ခွဲအထိ ကျန်နေပါသေးတယ်။
ဒါကြောင့် ကစားသမားရဲ့ စာချုပ်သက်တမ်း ကုန်တဲ့အထိ သာ ဒီအတိုင်း ပေးရမယ်ဆိုရင် ကစားသမားရဲ့ လုပ်ခလစာ တစ်ခုတည်းတင်ပဲ ပေါင် သန်း ၃၀ နီးပါးလောက် မြင့်တက်လာပါလိမ့်မယ်။
ရက်ကလစ်ဖ်နဲ့ ညာလက်ရုံးဖြစ်တဲ့ ဆာ ဘရေးလ်ဖို့ဒ်တို့ဟာ လက်ရှိမှာ မန်ယူအသင်းရဲ့ အပိုထွက်ငွေတွေကို စိစစ်နေပြီး ကုန်ကျ စရိတ် နည်းပါးအောင် ကြိုးစားဖို့ လမ်းစရှာနေကြပါတယ်။
အဲဒီလို လမ်းစရှာနေချိန်မှာပဲ ကက်စ်မီရိုရဲ့ လုပ်ခလစာ ကိစ္စကို အရင်ဆုံး သွားတွေ့ရပြီး ရီးရဲလ် ကွင်းလယ်လူဟောင်း နဲ့ ပတ်သက်လို့ အဆင်ပြေအောင် ဘယ်လမ်းကိုသွားရမလဲဆိုတာ အဖြေရှာနေတာဖြစ်ပါတယ်။
မန်ယူဟာ အခုဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဝိတ်လျှော့ဖို့ ကြိုးစားနေ ပြီး ကစားသမား ၅ ယောက်လောက် ကို ထုတ်ရောင်းဖို့ စီစဉ်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်ရှိမှာ ကွင်းလယ်လူ ဗန်ဒီဘိခ်က ဖရန့်ဖတ်ကို ရောက်သွားပြီဖြစ်သလို ဆန်ချိုကလည်း ဒေါ့တ်မန်ကို အငှားနဲ့ ပြောင်းဖို့အတွက် နီးစပ်နေပါပြီ။
ဒါ့အပြင် မာရှယ်၊ ကိုလည်း ထုတ်ရောင်းဖို့အတွက် မန်ယူအသင်းက ကြိုးစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေပြီဖြစ်ပါတယ်။