လင်ဂတ်ကို ဇန်နဝါရီမှာ ဈေးပေါင်ကျိုး ဈေးနဲ့ ထုတ်ရောင်းတော့မယ့် မန်ယူ
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းမှာ ပွဲကစားခွင့် ရဖို့ ခက်ခဲလို့နေတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို လာမယ့် ဇန်နဝါရီလ ဆောင်းဈေးကွက်အတွင်းမှာပဲ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
လင်ဂတ်ကို ပြီးခဲ့တဲ့ရာသီက ၎င်းရဲ့ အငှားကလပ် ဝက်စ်ဟမ်းအသင်းထံပဲ ရောင်းချသွားဖို့ အစီအစဉ် ရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီ ဖြစ်တာကြောင့် မန်ယူက ပေါင်(၁၀)သန်းဝန်းကျင်လောက်နဲ့ ရောင်းချသွားရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက်(၂၈)နှစ် အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ဒီနှစ် ဘောလုံးရာသီအတွင်း လိဂ် သွင်းဂိုး (၂)ဂိုး သွင်းယူထားနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲထွက် ကနေ တစ်ပွဲမှကို မကစားထားရသေးပါဘူး။
ဒါကြောင့် လင်ဂတ်အနေနဲ့ ဒီရာသီအတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့လို ပြိုင်ပွဲကြီးတွေမှာ အသင်းအတွက် ပါဝင်ကစားခွင့် အနည်းငယ်လေးသာ ရထားတာကြောင့် လာမယ့်ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
လင်ဂတ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့ဖူးတဲ့ ဝက်စ်ဟမ်းအသင်းက ခေါ်ယူသွားချင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့ကို အတော်လေး နေရာပေးခဲ့တဲ့ ကလပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကတည်းက လင်ဂတ်ကို အသင်းဆီ အပြီးသတ် ခေါ်ဆောင်ချင်ခဲ့ပေမယ့် မန်ယူ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးမျိုးကို မပေးချင်ခဲ့သလို လင်ဂတ်ကိုယ်တိုင်ကလည်း မန်ချက်စတာမှာ သူ့အတွက် အခွင့်အရေး ရဖို့ မျှော်လင့်နေသေးတာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi
မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ အသင္းမွာ ပြဲကစားခြင့္ ရဖို႔ ခက္ခဲလို႔ေနတဲ့ ကြင္းလယ္ကစားသမား ဂ်က္ဆီလင္ဂတ္ကို လာမယ့္ ဇန္နဝါရီလ ေဆာင္းေစ်းကြက္အတြင္းမွာပဲ ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။
လင္ဂတ္ကို ျပီးခဲ့တဲ့ရာသီက ၄င္းရဲ႕ အငွားကလပ္ ဝက္စ္ဟမ္းအသင္းထံပဲ ေရာင္းခ်သြားဖို႔ အစီအစဥ္ ရွိေနၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခါနီးေနၿပီ ျဖစ္တာေၾကာင့္ မန္ယူက ေပါင္(၁၀)သန္းဝန္းက်င္ေလာက္နဲ႔ ေရာင္းခ်သြားရဖြယ္ ရွိေနတယ္လို႔ သိရွိရပါတယ္။
အသက္(၂၈)ႏွစ္ အ႐ြယ္ရွိ အဂၤလန္ကြင္းလယ္ကစားသမား လင္ဂတ္ဟာ ဒီႏွစ္ ေဘာလုံးရာသီအတြင္း လိဂ္ သြင္းဂိုး (၂)ဂိုး သြင္းယူထားႏိုင္ေပမယ့္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ ကေန တစ္ပြဲမွကို မကစားထားရေသးပါဘူး။
ဒါေၾကာင့္ လင္ဂတ္အေနနဲ႔ ဒီရာသီအတြင္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔လို ၿပိဳင္ပြဲႀကီးေတြမွာ အသင္းအတြက္ ပါဝင္ကစားခြင့္ အနည္းငယ္ေလးသာ ရထားတာေၾကာင့္ လာမယ့္ေဆာင္းေစ်းကြက္မွာပဲ အသင္းကေန ထြက္ခြာသြားဖို႔ စဥ္းစားလာခဲ့တာ ျဖစ္ပါတယ္။
လင္ဂတ္ကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက အငွားစာခ်ဳပ္နဲ႔ ေခၚယူထားခဲ့ဖူးတဲ့ ဝက္စ္ဟမ္းအသင္းက ေခၚယူသြားခ်င္ေနၿပီး ကစားသမားကိုယ္တိုင္ကလည္း သူ႔ကို အေတာ္ေလး ေနရာေပးခဲ့တဲ့ ကလပ္အသင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိလာခဲ့ပါတယ္။
ဝက္စ္ဟမ္းအသင္းဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္ကတည္းက လင္ဂတ္ကို အသင္းဆီ အၿပီးသတ္ ေခၚေဆာင္ခ်င္ခဲ့ေပမယ့္ မန္ယူ ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးမ်ိဳးကို မေပးခ်င္ခဲ့သလို လင္ဂတ္ကိုယ္တိုင္ကလည္း မန္ခ်က္စတာမွာ သူ႔အတြက္ အခြင့္အေရး ရဖို႔ ေမွ်ာ္လင့္ေနေသးတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္မလာခဲ့တာ ျဖစ္ပါတယ္။