လာမယ့်နှစ်မှာ ချဲလ်ဆီး ခေါ်မယ့် ကစားသမား ၃ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ မာရီနာ

ချဲလ်ဆီးဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အသင်း အတွက် ခေါ်ယူမယ့် ကစားသမား ၃ ယောက်ရဲ့ အမည်ကို ချဲလ်ဆီး အမှုဆောင်ချုပ် မာရီနာ က မာကာသတင်းစာကနေ ဖွင့်ပာ ပြောဆိုခဲ့ပါတယ်။

ကစားသမားကောင်းတွေကို ငွေကြေးများစွားသုံးစွဲပြီး ခေါ်ယူလေ့ရှိတဲ့ ချဲလ်ဆီးဟာ လာမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ ခံစစ် နောက်တန်းကို အဓိက အားဖြည့်ဖို့ ရှိနေတာပါ။

ချဲလ်ဆီးအသင်းက ခေါ်ယူမယ့်ကစား သမား တွေကတော့ ဂျူဗင်တပ် နောက်ခံလူ ဒီလစ် ၊ ဆီဗီလာနောက်ခံလူ ကူအန်ဒီ နဲ့ နာပိုလီတိုက်စစ်မှူး အင်ဆစ်ဂနီ တို့ပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ စာချုပ် သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ နောက်ခံလူ ရူဒီဂါနဲ့ ခရစ္စတန်ဆန် တို့ရဲ့နေရာတွေအတွက် နောက်ခံလူတွေကို ဦးစားပေးပြီး ခေါ်ယူသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နောက်နှစ် နွေမှာ သီယေဂို ဆေးလ်ဗားကိုလည်း လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ခံစစ်သမားများကိုပဲ ချဲလ်ဆီးက ဦးစားပေး ရှာဖွေလာတာပါ။

ZG

ခ်ဲလ္ဆီးဟာ ၂၀၂၂ ခုႏွစ္အတြင္းမွာ အသင္း အတြက္ ေခၚယူမယ့္ ကစားသမား ၃ ေယာက္ရဲ႕ အမည္ကို ခ်ဲလ္ဆီး အမႈေဆာင္ခ်ဳပ္ မာရီနာ က မာကာသတင္းစာကေန ဖြင့္ပာ ေျပာဆိုခဲ့ပါတယ္။

ကစားသမားေကာင္းေတြကို ေငြေၾကးမ်ားစြားသုံးစြဲၿပီး ေခၚယူေလ့ရွိတဲ့ ခ်ဲလ္ဆီးဟာ လာမယ့္ ၂၀၂၂ ခုႏွစ္အတြင္းမွာ ခံစစ္ ေနာက္တန္းကို အဓိက အားျဖည့္ဖို႔ ရွိေနတာပါ။

ခ်ဲလ္ဆီးအသင္းက ေခၚယူမယ့္ကစား သမား ေတြကေတာ့ ဂ်ဴဗင္တပ္ ေနာက္ခံလူ ဒီလစ္ ၊ ဆီဗီလာေနာက္ခံလူ ကူအန္ဒီ နဲ႔ နာပိုလီတိုက္စစ္မႉး အင္ဆစ္ဂနီ တို႔ပဲ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ စာခ်ဳပ္ သက္တမ္းတိုးဖို႔ အဆင္မေျပျဖစ္ေနတဲ့ ေနာက္ခံလူ ႐ူဒီဂါနဲ႔ ခရစၥတန္ဆန္ တို႔ရဲ႕ေနရာေတြအတြက္ ေနာက္ခံလူေတြကို ဦးစားေပးၿပီး ေခၚယူသြားဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ေနာက္နွစ္ ေႏြမွာ သီေယဂို ေဆးလ္ဗားကိုလည္း လက္လႊတ္ရဖြယ္ ရွိေနတာေၾကာင့္ ခံစစ္သမားမ်ားကိုပဲ ခ်ဲလ္ဆီးက ဦးစားေပး ရွာေဖြလာတာပါ။