လီဗာပူး တိုက်စစ်မှုး မို ဆာလက်ကို အရမ်း လိုချင်နေကြတဲ့ ဇာဗီနဲ့ ဘာစီလိုနာ
ဇာဗီက မိုဟာမက် ဆာလက်ဟာ ဘာစီလိုနာအသင်း ပြန်လည် တည်ဆောက်ရေးမှာ အရေးပါလာမယ်လို့ ယုံကြည်နေပြီး အီဂျစ်သားကို ဘယ်လောက်ကုန်ကုန် ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ ရော်နယ် ကိုးမန်းရဲ့ နေရာအစားဝင်ဖို့ ဇာဗီကို ခန့်အပ်ခဲ့ပြီး စပိန်သားက ဆာလက်ကို ခေါ်ယူလိုက်တာဟာ အသင်းအတွက် ကြီးမားတဲ့ အင်အားဖြည့်မှု ဖြစ်မယ်ဆိုတာ သိရှိထားပါတယ်။

မက်ဆီကို နွေရာသီက ဆုံးရှုံးထားခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှာ အားကိုးရတဲ့ ကစားသမား မရှိသလို အဂူရိုမှာ လည်း ပြဿနာတွေ ရှိနေတာကြောင့် ရုန်းကန်နေခဲ့ရပါတယ်။ ဘာစီလိုနာက ဘဏ္ဍာရေး ပြဿနာတွေ ကြုံနေရပေမဲ့ ဥက္ကဌ လာပေါ်တာကတော့ မက်ဆီနဲ့ ဂရစ်ဇ်မန်း ထွက်သွားတဲ့ ဘာကာတိုက်စစ်ကို အားဖြည့်လိုနေပါတယ်။
အီဂျစ်သားရဲ့ စာချုပ်ဟာ ၂၀၂၃ခုနှစ် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် လီဗာပူးအနေနဲ့ လာမယ့်နှ် နွေရာသီမှာ ဆာလက်ကို ရောင်းချရတော့မှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နွေရာသီအတွင်း ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်တို့လို ကစားသမားတွေကို ကာလရှည် စာချုပ်သက်တမ်းတွေ တိုးခဲ့ပေမဲ့ ဆာလက်နဲ့ ဆွေးနွေးမှုတွေကတော့ လစာတောင်းဆိုမှု မြင့်မားခြင်းကြောင့် ရပ်တန့်နေခဲ့ပါတယ်။
လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဆာလက်ဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံး ကစားသမား ဖြစ်ချင်နေ ပါတယ်။ ဆာလက်ဟာ ယခုနှစ်ရာသီ အထူးခြေစွမ်းပြနေကာ ပွဲစဉ် ၁၅ပွဲအတွင်း ၁၅ဂိုးအထိ သွင်းထားခဲ့ပါတယ်။

ZG
ဇာဗီက မိုဟာမက္ ဆာလက္ဟာ ဘာစီလိုနာအသင္း ျပန္လည္ တည္ေဆာက္ေရးမွာ အေရးပါလာမယ္လို႔ ယုံၾကည္ေနၿပီး အီဂ်စ္သားကို ဘယ္ေလာက္ကုန္ကုန္ ေခၚယူသြားမယ္လို႔ သိရပါတယ္။
ဘာစီလိုနာဟာ ေရာ္နယ္ ကိုးမန္းရဲ႕ ေနရာအစားဝင္ဖို႔ ဇာဗီကို ခန႔္အပ္ခဲ့ၿပီး စပိန္သားက ဆာလက္ကို ေခၚယူလိုက္တာဟာ အသင္းအတြက္ ႀကီးမားတဲ့ အင္အားျဖည့္မႈ ျဖစ္မယ္ဆိုတာ သိရွိထားပါတယ္။
မက္ဆီကို ေႏြရာသီက ဆုံးရႈံးထားခဲ့ၿပီး ဘာစီလိုနာတိုက္စစ္မွာ အားကိုးရတဲ့ ကစားသမား မရွိသလို အဂူ႐ိုမွာလည္း ျပႆနာေတြ ရွိေနတာေၾကာင့္ ႐ုန္းကန္ေနခဲ့ရပါတယ္။ ဘာစီလိုနာက ဘ႑ာေရး ျပႆနာေတြ ႀကဳံေနရေပမဲ့ ဥကၠဌ လာေပၚတာကေတာ့ မက္ဆီနဲ႔ ဂရစ္ဇ္မန္း ထြက္သြားတဲ့ ဘာကာတိုက္စစ္ကို အားျဖည့္လိုေနပါတယ္။
အီဂ်စ္သားရဲ႕ စာခ်ဳပ္ဟာ ၂၀၂၃ခုႏွစ္ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာ ျဖစ္တာေၾကာင့္ လီဗာပူးအေနနဲ႔ လာမယ့္ႏွ္ ေႏြရာသီမွာ ဆာလက္ကို ေရာင္းခ်ရေတာ့မွာျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ေႏြရာသီအတြင္း ဗန္ဒိုက္၊ ေရာဘတ္ဆန္၊ ဟန္ဒါဆန္တို႔လို ကစားသမားေတြကို ကာလရွည္ စာခ်ဳပ္သက္တမ္းေတြ တိုးခဲ့ေပမဲ့ ဆာလက္နဲ႔ ေဆြးေႏြးမႈေတြကေတာ့ လစာေတာင္းဆိုမႈ ျမင့္မားျခင္းေၾကာင့္ ရပ္တန႔္ေနခဲ့ပါတယ္။
လက္ရွိျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ ဆာလက္ဟာ ပရီးမီးယားလိဂ္မွာ လစာအမ်ားဆုံး ကစားသမား ျဖစ္ခ်င္ေန ပါတယ္။ ဆာလက္ဟာ ယခုႏွစ္ရာသီ အထူးေျခစြမ္းျပေနကာ ပြဲစဥ္ ၁၅ပြဲအတြင္း ၁၅ဂိုးအထိ သြင္းထားခဲ့ပါတယ္။