ကင်မရွန်း အုပ်စုနောက်ဆုံးပွဲမှာ ဂိုးမဖမ်းရလို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ထိ ကွိုင်ရှာခဲ့တဲ့ ဂိုးသမား အိုနာနာ
ပြီးခဲ့တဲ့ ညက ကစားခဲ့တဲ့ အာဖရိကဖလားပွဲစဉ်မှာ ကင်မရွန်းနည်းပြ ရီဂိုဘတ်ဆောင်း ဟာ အဓိက ဂိုးသမားဖြစ်တဲ့ အိုနာနာကို ဂိုးမဖမ်းခိုင်းဘဲ အရန်ဖြစ်တဲ့ အွန်ဒိုအာကို ဂိုးဖမ်း ခိုင်းခဲ့ပါတယ်။
ဒီအတွက် ရလဒ်ကတော့ ကင်မရွန်းဟာ ဂမ်ဘီယာကို အနိုင်ယူပြီး အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ (၁၆သင်းအဆင့်) နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။

အိုနာနာ ဟာ မန်ယူနဲ့အတူ ကစားနေတဲ့အတွက် ကင်မရွန်းရဲ့ ပထမဆုံး အုပ်စုပွဲဖြစ်တဲ့ ဂူနီယာနဲ့ ပွဲကို အမီရောက်မသွားခဲ့ပါဘူး။ ဒါပေမဲ့လည်း အုပ်စု ဒုတိယပွဲဖြစ်တဲ့ ဆီနီဂေါနဲ့ ပွဲမှာတော့ အချိန်မီ ရောက်သွားခဲ့ပြီး ဝင်ကစားခဲ့ပေမဲ့ ၃-၁ ဂိုးနဲ့ ရှုံးခဲ့ရပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့က ဂမ်ဘီယာနဲ့ပွဲမှာတော့ နည်းပြဆောင်းဟာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေခဲ့တာဖြစ်လို့ အိုနာနာကို ထည့်မသုံးဘဲ အိုနာနာရဲ့ ဝမ်းကွဲ ညီအစ်ကို တော်စပ်တဲ့ အွန်ဒိုအာကို ဂိုးဖမ်းခိုင်းခဲ့တာပါ။
သတင်းတွေ အရတော့ အိုနာနာ ဟာ သူ ပွဲမထွက်ရဘူး ဆိုတာကို ပွဲကစားမယ့် မနက်မှ သိရပြီး ကင်မရွန်း ဘောလုံးအဖွဲ့ ဥက္ကဌ အီတူး အား ပြသနာရှာခဲ့တယ် လို့ သိရပါတယ်။
ဥက္ကဌ အီတူးဘက်ကတော့ အိုနာနာ အား တုန့်ပြန်မှု မလုပ်ခဲ့ဘူးလို့လည်း အတွင်း သတင်းတွေက ဆိုပါတယ်။
အိုနာနာ မပါခဲ့ပေမယ့် ကင်မရွန်းက ဂမ်ဘီယာ ကို ၃-၂ နဲ့ နိုင်ခဲ့ပြီး အုပ်စု ဒုတိယ နေရာကနေ ၁၆ သင်း အဆင့်ထံ တက်ရောက်သွားပြီ ဖြစ်ပါတယ်။