နွေတုန်းက ရောင်းမထွက်ခဲ့တဲ့ တိုမီနေး ရဲ့ အနာဂတ် အတွက် ယူနိုက်တက်က ဆုံးဖြတ်ချက် အသစ် ချပြီ
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ် ကစားသမား စကော့မက် တိုမီနေးအား နှစ်ရှည်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ စကော့တလန်လက်ရွေးစင် ကွင်းလယ်ကစားသမားရဲ့ စာချုပ်က ယခုနွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မဲ့ အချက်ပါဝင်ပါတယ်။

သူဟာ နွေရာသီတုန်းက ဝက်စ်ဟမ်း၊ နယူးကာဆယ်နှင့် ဘိုင်ယန်မြူးနစ်တို့ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ နွေရာသီတုန်းက အိုးထရက်ဖို့ဒ်မှ ထွက်ခွာလုနီးပါးဖြစ်ခဲ့ပေမဲ့လည်း အဲရစ်တန်ဟက်ရဲ့ ယုံကြည်မှုကို ပြန်လည် ရရှိလာခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ကလည်း ဗြိတိန်ကစားသမားများဖြင့် ယူနိုက်တက်ကို တည်ဆောက်ရန် စိတ်အားထက်သန်နေရာ စကော့မက်တိုမီနေးအား နှစ်ရှည်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန် စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက်ဟာ စကော့တိုမီနေးဘက်က နှစ်ရှည်စာချုပ်သက်တမ်းတိုးရန် လတ်တလော ဆန္ဒမရှိပါကလည်း အနည်းဆုံး ၁၂ လ သက်တမ်းတိုးချုပ်ဆိုလာပါမယ်။ ယူနိုက်တက်ဟာ လာမယ့် ရာသီတွင်မှ စကော့မက်တိုမီနေးအား နှစ်ရှည် စာချုပ်သက်တမ်းတိုးရေး ကြိုးပမ်းလာပါမယ်။