ဟွိုင်လန်းတောင် ကွင်းထဲ ထငေါက်ရလောက်အောင် တကိုယ်ကောင်း ဆန်ခဲ့တဲ့ မန်ယူအသင်းသား

မနေ့ညက နယူးပေါ့တ်နဲ့ FA ဖလားပွဲမှာ ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန်ကစားခဲ့တဲ့ ဂါနာချိုကိုဟွိုင်လန်းက ဒေါသတကြီးအော်ငေါက်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ဟွိုင်လန်းရဲ့လုပ်ရပ်အပေါ် အားပေးထောက်ခံခဲ့ကြပါတယ်။

နယူးပေ့ါတ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းက ၄-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ယူနိုက်တက်အတွက် ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမင်နူး၊ အန်တိုနီ၊ ဟွိုင်လန်းတို့က သွင်းယူခဲ့ကြပါတယ်။

ဒါပေမဲ့ ပွဲချိန်အတွင်းမှာ ဂါနာချိုဟာ ဟွိုင်လန်းကို ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန်ကစားခဲ့သလိပထမပိုင်းမှာ ဂါနာချို ဘယ်ခြမ်းကနေ ဆွဲပြေးပြီး ပယ်နယ်တီဧရိယာအတွင်း လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဟွိုင်လန်းတို့ရှိနေတာကို ဘောလုံးမပေးဘဲ ကိုယ်တိုင်ကန်သွင်းခဲ့လို့ ဟွိုင်လန်းတစ်ယောက် တော်တော် ဒေါသထွက်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန်မိနစ် ၈၀ မှာလည်း ဂါနာချိုက ပယ်နယ်တီဧရိယာထဲ ဘောလုံးဆွဲယူလာပြီး ဂိုးရှေ့ကို အလိုက်သင့်ပြေးတက်လာတဲ့ ဟွိုင်လန်းဆီ ဘောလုံးမပေးဘဲ တစ်ချက်ပြန်ခေါက်ချိန်မှာ ပြိုင်ဘက် ကစားသမားနဲ့ထိပြီးတော့ ဘောလုံးပျက်သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟွိုင်လန်းက စိတ်မထိန်းနိုင်တော့ဘဲ အသင်းဖော် ဂါနာချိုကို ဒေါသတကြီး အမူအရာနဲ့အတူ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ယူနိုက်တက်ပရိသတ်တွေက ဟွိုင်လန်းကို အပြစ်မမြင်ဘဲ လူမှုကွန်ယက်ကနေ အခုလို အားပေးထောက်ခံခဲ့ပါတယ်။

‘ဟွိုင်လန်းဟာ ဂါနာချိုကို အော်ဟစ်ခဲ့တာလား . .ဒီကောင့်ကို ဆုံးမလိုက်စမ်းပါ . .သားကြီးရာ’၊

‘ဟွိုင်လန်း ဒေါသပေါက်ကွဲတာကို လုံးဝနားလည်ပေးလို့ရပါတယ်။ ဂါနာချိုကို တစ်ယောက်ယောက်က သတိပေးစကားပြောဖို လိုအပ်နေပါပြီ။ ဒီကောင်က သူ့ကိုယ်သူ စီရော်နယ်လ်ဒိုလို့ ထင်နေတာပါ’၊

‘ပွဲပြီးတဲ့အခါ ဟွိုင်လန်းဟာ ဂါနာချိုနဲ့တွေ့ပြီး ဘာတွေမကျေနပ်တာရှိလဲလို့ မေးသင့်နေပါပြီ . .’၊

‘ဟွိုင်လန်းဟာ ဂိုးရဖို့ ကိုယ့်ဘာသာကိုယ် ရုန်းကန်နေရပါတယ်။

ဒီနေ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမားတွေဟာ ဟွိုင်လန်းကို မပံ့ပိုးနိုင်တာကို မြင်ရတော့ တော်တော်ဒေါသထွက်မိပါတယ်’

စသဖြင့် အွန်လိုင်းမှာ ယူနိုက်တက်ပရိသတ်တွေက ရေးသားခဲ့ပါတယ်။

ဟွိုင်လန်းဟာ ယူနိုက်တက်အတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပြီး ပွဲချိန် ၉၆ မိနစ်မှ ပထမဆုံးအကြိမ်ဂိုးပေါက်ကန်ချက်ကနေ ဂိုးသွင်းနိုင်တာဖြစ်သလို ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့ပါတယ်။

ဟွိုင်လန်းဟာ ဂါနာချိုကို ဒေါသပေါက်ကွဲတာ အခုမှမဟုတ်ဘဲ အက်စတွန်ဗီလာကို ၃-၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာလည်း ဂါနာချိုဟာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ ဟွိုင်လန်းကို ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့တာကြောင့် ဒေါသတကြီးဖြစ်ခဲ့ဖူးပါတယ်။