မန်ယူ ပရိသတ်တွေ ဝမ်းသာရနိုင်ဖွယ် ရှိတဲ့ နည်းပြ တန်ဟက်ရဲ့ သက်တမ်းတိုး စာချုပ်သစ် ကိစ္စ
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ တန်ဟတ်ဂ်ကတော့ အသင်းရှယ်ယာရှင်သစ် ရက်ကလစ်ဖ်တို့အဖွဲ့နဲ့ စာချုပ်သစ် ဆွေးနွေးမှု ပြုလုပ်နေပြီလားဆိုတဲ့ မေးခွန်းကို ယတိပြတ် အဖြေပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
မန်ယူအသင်းနဲ့ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေတဲ့ တန်ဟတ် ရဲ့ အနာဂတ်ဟာ လက်ရှိ အချိန်အထိ အာမခံချက် မရှိသေးသလို ယခုရာသီ ရလဒ်ကို သုံးသပ်ပြီး တန်ဟတ် ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးဖို့သာ အသင်းဘက်က တွေးထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြ တန်ဟတ် နဲ့ ရက်ကလစ်ဖ်တို့အဖွဲ့တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ သတင်းထောက်တွေက စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် တန်ဟတ် ကတော့ အဆိုပါ ကိစ္စကို အဖြေပေးနိုင်ခြင်း မရှိခဲ့တာကြောင့် ပိုမို စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။
တန်ဟတ် က “ ကျွန်တော်တို့ စီမံကိန်းတွေ အကြောင်းပြောဖြစ်ခဲ့ကြပါတယ်၊ ခင်ဗျားတို့ကိုတော့ အသေးစိတ် ချမပြပေးနိုင်ပါဘူး၊ ဒါတွေက ကျွန်တော်တို့ရဲ့ အတွင်းရေး ကိစ္စတွေပ။
အဓိက အရေးကြီးဆုံးကတော့ အသင်းပါပဲ၊ မြင့်မားတဲ့ စံချိန်စံညွန်းတွေနဲ့ အသင်းကို ဘယ်လိုလည်ပတ်မလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်၊ တစ်ဦးတစ်ယောက်ကို အဓိက ရည်ရွယ်သုံးသပ်ခဲ့ခြင်း မရှိပဲ အသင်းလိုက် အနေအထားနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
တန်ဟတ်ရဲ့ ဒုတိယရာသီဟာ ပထမရာသီထက် အခြေအနေဆိုးဝါးနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပြီး အကယ်၍ ယခုရာသီကိုသာ ချန်ပီယံလိဂ် ဝင်ခွင့် အပြင်ဘက်နဲ့ အဆုံးသတ်ခဲ့ရပါက တန်ဟတ်ဂ်ရဲ့ အနာဂတ်က အိုးထရတ်ဖို့ဒ်အပြင်ဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အသင်းရဲ့ Hight profile ကစားသမားတွေနဲ့ ပြသနာတက်လေ့ ရှိတဲ့ တန်ဟက်ဟာ အခု နောက်ဆုံး အနေနဲ့ မားကပ် ရက်ဖို့ဒ် ကို တင်းကြပ် ကိုင်တွယ်နေပါတယ်။