မန်ယူရဲ့ Top 4 မျှော်လင့်ချက် အပြီးသတ်မယ့် ပွဲ၊ ဝုဗ်က ဂိုးပြတ်နိုင်မယ် ဆိုတဲ့ ပေါမာဆန်ရဲ့ ခပ်ပြတ်ပြတ် ပွဲကြို ခန့်မှန်းချက်

ဒီသီတင်းပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ပြန် ကစားကြပြီ ဖြစ်ပြီး ကြားရက်မှာ စတင်ကစားမှာပါ။

မန်ချက်စတာ ယူနိုက်တက် ကတော့ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ပွဲကတော့ လာမယ့် သောကြာနေ့ နံနက် အစော ၂း၄၅ နာရီ မှာ ကစားကြ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဝုဗ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက်သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

အရင်ရက် အက်ဖ်အေပွဲတုန်းက ယူနိုက်တက်တို့ ၂-၀ နဲ့ အနိုင်ရနေပြီးမှ ၂-၂ ပြန်ဖြစ်သွားတယ်။ သူတို့ ပွဲကို အနိုင်ရအောင် စီမံနိုင်နေပေမယ့်လို့ ဒီပွဲအတွက် လူစုံနည်းပါး ထုတ်သုံးခဲ့ရတာပါ။

ဒီလို ဂိုးတွေ ထိတ်လန့်တကြား ပြန်ပေးနေရတာက သူတို့ အသင်းရဲ့ အခြေအနေကို မြင်သာစေပါတယ်။

ဒီပွဲကို ဝုဗ်နိုင်မယ်ဆိုရင် အမှတ်ပေးဇယားမှာ ယူနိုက်တက်ရဲ့ အထက်က ရပ်တည်သွားမှာပါ။ အိမ်ကွင်း ၉ ပွဲတောင် ရှုံးပွဲ မရှိသေးတဲ့ ဝုဗ်တို့ ဒါမျိုး လုပ်နိုင်ရင်လည်း အံ့ဩစရာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ကတော့ အက်ဖ်အေ ဖလား ပွဲစဉ်တွေ မတိုင်ခင် ၅ ပွဲလောက် နိုင်ပွဲပျောက်နေခဲ့တာပါ။

ယူနိုက်တက်က အခြေအနေ ကောင်းလာနေပေမယ့် နည်းပြတန်ဟက်က ရက်ဖိုဒ့်နဲ့ ပြဿနာတွေ တတ်ထားတယ်။ နယ်သာလန်သားဟာ သူ့လျှာသူကိုက်ပြီး ဒါတွေကို ဖြေရှင်းရပါမယ်။ ကိုယ့် ကစားသမားတွေကို နိုက်ကလပ်မှာ သွားကဲနေပြီး လေ့ကျင့်ရေးကို နောက်ကျခွင့်ပေးလို့ မရပါဘူး။

ကျနော်ကတော့ ဒီပွဲကို ဝုဗ်ပဲ နိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ သင်း မျှော်လင့်ချက်က ဒီပွဲအပြီးမှာ လုံးဝ ရပ်တန့်သွားမှာပါ။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

ဝုဗ် ၂-၁ မန်ချက်စတာ ယူနိုက်တက်။