အဝေးကွင်းမှာ မန်ယူ မနိုင်ဘူး ဆိုတဲ့ မနက်ဖြန်ည ဝုဗ်နဲ့ ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ကြိုတင် ပြောဆိုချက်

မနက်ဖြန် ကြာသပတေးနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကတော့ ဝုဗ် အသင်းနဲ့ အဝေးကွင်း ကစားဖို့ရှိနေပါတယ်။ ပွဲချိန်ကတော့ ကြာသပတေးနေ့ ည ၂း၄၅ နာရီ မှာ ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က ဝုဗ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။

ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်

ကျွန်တော် တန်ဟက်အတွက် စိတ်မကောင်းပါဘူး။ ယူနိုက်တက်တို့ အနိုင်ရနေတာတောင် သူတို့က အမြဲတမ်း တစ်ခုခု လိုအပ်နေပါတယ်။ ရက်ဖိုဒ့်အကြောင်း ပြောရမလား တိုက်စစ်မှာ ဂိုးရလို့ လောဘကြီးလွန်းနေတဲ့ သူတို့ ကစားသမားတွေ အကြောင်း ပြောရမလားပါပဲ။
မန

ယူနိုက်တက်အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်နေဦးမှာပါ။ ဩဂုတ်လတုန်းက အိုးထရတ်ဖိုဒ့်မှာ ဝုဗ်ဟာ အခွင့်အရေးတွေ အများကြီးကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့က ပိုကောင်းတဲ့အသင်း ဖြစ်ပေမယ့် ပွဲကို ရှုံးနိမ့်ခဲ့တယ်။

ယူနိုက်တက်မှာ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာတီနက်စ်နဲ့ ကာဆီမီရိုတို့ ပြန်သက်သာလာပါပြီ။ ဒါပေမယ့် သူတို့ အသင်းတစ်သင်းအဖြစ် စုဖွဲ့မှုတွေ လိုအပ်နေဆဲလို့ မြင်ပါတယ်။

ယူနိုက်တက်က ကောင်တာပိုင်း ကောင်းပါတယ်။ ဝုဗ်ကကျ ဟန်ချက်ညီတယ်။ ယူနိုက်တက်က ဝုဗ်ကို ကောင်တာကနေ သိပ်ပြီး အားထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဂယ်ရီ အိုနေးရဲ့ အသင်းက အနိုင်ယူဖို့ ခက်ခဲပါတယ်။ ကျနော်ကတော့ သရေပွဲဖြစ်မယ် ထင်ပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

ဝုဗ် ၁-၁ မန်ချက်စတာ ယူနိုက်တက်။