ရက်ရှ်ဖို့ဒ် ကိစ္စ ဖြစ်ပြီးနောက် ကစားသမားတွေ ကွင်းပြင်မှာလည်း စည်းကမ်းရှိဖို့ တန်ဟက် ဝမ်နင်ပေးပြီ
တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် ကိစ္စ ဖြစ်ခဲ့ပြီးနောက် ကွင်းပြင်ပမှာ စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း ကစားသမားတွေကို မန်ယူ နည်းပြ တန်ဟက်က ဝမ်နင်ပေးကာ သတိပေးစကား ပြောလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့က အက်ဖ်အေဖလားပွဲစဉ်အဖြစ် နယူးပို့ထ်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ချန်လှပ်ခြင်းခံခဲ့ရပြီး သောကြာနေ့က နေမကောင်းတာကြောင့် လေ့ကျင့်ရေးသို့မလာနိုင်ခဲ့သော်လည်း အစောပိုင်းအချိန်များမှာတော့ ဘဲလ်ဖက်စ်ရှိနိုက်ကလပ်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ရက်ရှ်ဖို့ဒ်ဟာ အသင်းတွင်း စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များအပြီး သူ့ရဲ့လုပ်ရပ်အတွက် တာဝန်ယူပြီးနောက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ လေ့ကျင့်ရေးပြန်ဆင်းကာ ပွဲထွက်ခွင့်အတွက် ရှိနေပါတယ်လို့ ပြောထားပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ အပြုအမူက လေးစားမှု ကင်းမဲ့နေတာကို ညွှန်ပြနေသလားလို့ မေးခွန်းထုတ်ခံရရာ တန်ဟက်က “အဲ့ဒါနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ပွဲအတွက်ကိုသာ အာရုံစိုက်ဖို့အတွက် ဆက်ပြီးလုပ်ဆောင်ကြရအောင်ပါ” လို့ တုန့်ပြန်ခဲ့ပါတယ်။
တန်ဟက်က “ဘောလုံးအားကစားမှာ ကွင်းအတွင်းမှာသာမက ကွင်းပြင်ပမှာလည်း စည်းကမ်းရှိဖို့ လိုပါတယ်။ ကစားသမားတိုင်း၊ ပရော်ဖက်ရှင်နယ်တိုင်းက ဒါကိုသိတဲ့အခါ ဘာတွေလိုအပ်တယ်ဆိုတဲ့ကြားထဲမှာ မျဉ်းတစ်ခုရှိပါတယ်။
ဘောလုံးပွဲတွေကို အနိုင်ရရှိဖို့ အာရုံစိုက်ရမှာပါ။ ဒါက အရေးကြီးပြီး ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းက လိုအပ်တာကို သိပါတယ်” လို့ ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ကစားသမားဘဝအကောင်းဆုံး သွင်းဂိုး ၃၀ ကို သွင်းယူခဲ့သော်လည်း ယခုရာသီ ၂၆ ပွဲတွင် ၄ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
သို့သော်လည်း ရက်ရှ်ဖို့ဒ်ဟာ မကြာသေးမီက ကစားပုံ၊ သွင်းဂိုး ၂ ဂိုးနှင့် ဂိုးဖန်တီးမှုတို့က အကောင်းဆုံးပုံစံသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း တန်ဟက်က ပြောကြားခဲ့ပါတယ်။