စည်းကမ်း ထပ်ဖောက်တဲ့ ရက်ဖို့ဒ်၊ မိုင်နူး စာချုပ်သစ် ပြင်နေခြင်း၊ ဆော်ဒီတွေကို ငြင်းတဲ့ ဒီဂီယာနဲ့ မန်ယူ နောက်ဆုံးရ သတင်းထူးများ

မန်ယူအသင်းအတွက် ခြေစွမ်းပြ ကစားပေးလာနေတဲ့ ကွင်းလယ် ကစားသမားလေး မိုင်နူးကို လစာတိုး စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းဘက်က ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

မိုင်နူးဟာ ဇန်နဝါရီလ အတွက် မန်ချက်စတာ ယူနိုက်တက် အတွက် အကောင်းဆုံး ကစားသမား ဆု ကိုလည်း ရရှိထားပါတယ်။ ဒီဆု အတွက် ဘရူနိုနဲ့ ဂါနာချို ကို မိုင်နူးက ကျော်ဖြတ်ပြီး မဲ အပြတ်အသတ် ရခဲ့တာပါ။

စည်းကမ်းပိုင်း လိုက်နာမှု ပျက်ကွက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက် ယခုတစ်ခေါက် မန်ချက်စတာမှာ ဈေးဝယ်ထွက်နေတုန်း ၎င်းရဲ့ ကားကို ရပ်တန့်ခွင့် မရှိတဲ့ နေရာမှာ ထပ်မံရပ်ထားခဲ့တာကြောင်း ဝေဖန်မှု ခံနေရပါတယ်။

မန်ယူအသင်း ဂိုးသမားဟောင်း ဒီဂီယာဟာ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။

ရက်ဖို့ဒ်ရဲ့ နေ့စဉ်ရက်ဆက် ပါတီတက် အပျော်မက်တဲ့ ကိစ္စဟာ အလေ့အကျင့် တစ်ခု အဖြစ် စွဲသွားနိုင်ကြောင်း ဂယ်ရီ နဗီးလ်က သတိပေးလိုက်ပါတယ်။

လက်ရှိ ဆောင်းဈေးကွက်မှာ ဂရာနာဒါ အသင်းထံ အငှားထွက်သွားတဲ့ ယူနိုက်တက် လူငယ်ကြယ်ပွင့် ပယ်လစ္စထရီ ကို နည်းပြ တန်ဟက်က တန်ဖိုး မထားဘူး လို့ အေးဂျင့် ဖြစ်သူက စွပ်စွဲလိုက်ပါတယ်။