ဒီည မန်ယူ × ဝက်စ်ဟမ်း ပွဲ ဘယ်လို ရလဒ် ထွက်မလဲ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ခန့်မှန်း သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ်ပွဲ အဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ရမှာပါ။ ပွဲ ကစားမယ့် အချိန်ကတော့ ဒီ တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ် ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်

” မိုယက်စ်ဟာ သူ အဆင်ပြေပြေ လုပ်နိုင်ထားခြင်း မရှိတဲ့ အိုးထရတ်ဖိုဒ့်ကွင်းထံ နောက်တစ်ကြိမ် ပြန်ရောက်လာပါဦးမယ်။

သူဟာ ဝက်စ်ဟမ်းကိုတော့ ဆုဖလား အောင်မြင်မှုရပြီး ဥရောပ ပြိုင်ပွဲထံ ပြန်လည် ပို့ဆောင်နိုင်ဖို့ တွန်းအားပေးနေသလို ယူရိုပါလိဂ်မှာလည်း ဆက်ရှိနေဆဲပါ။

ယူနိုက်တက်က ဒီပွဲမှာ ရလဒ် လိုပါမယ်။ အထူးသဖြင့် သူတို့ အိမ်ကွင်းမှာ ရှုံးပွဲတွေ အများကြီး ရင်ဆိုင်ထားရတာမို့ ဒီပွဲ အနိုင်ရဖို့ လိုပါမယ်။

ကွင်းပြင်မှာ သူတို့အပေါ် စိတ်ဝင်စားခြင်း ခံနေရမှုတွေကို ဖယ်ရှားပြီး ဒီပွဲကို အနိုင်ရမယ်လို့ ထင်ပါတယ်။ ”

ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၃-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ်။