ပြန်ကစားနိုင်တာ သိပ်မကြာသေးဘဲ ချက်ချင်း ပြန်နာသွားရပြန်တဲ့ မာတီနက်ဇ် ရဲ့ ဒဏ်ရာ စိုးရိမ်ဖွယ် ရှိ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာမှာ ပြင်းထန်ကြောင်း ပြောကြားလာပါတယ်။
မာတီနက်ဇ်ဟာ ဒုတိယပိုင်းတွင် ဝက်စ်ဟမ်းနောက်ခံလူဗလာဒီမာကူဖယ်ရဲ့ ဘောလုံးကို ကာကွယ်ရန် ကြိုးပမ်းစဉ် ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင်ဟာ ခြေချောင်း ဒဏ်ရာကြောင့် ၃ လကြာ အနားယူရပြီးနောက် လိဂ်ပွဲ ၃ ပွဲတည်း သာ ကစားထားနိုင်သေးသူ ဖြစ်ပါတယ်။
တန်ဟက်က “ကြည့်ရတာ သိပ်မကောင်းဘူး။ တော်တော် စိုးရိမ်စရာပါ။ ရက်အနည်းငယ်စောင့်ကြည့်ရဦးမယ်။ သူလည်း အရမ်း စိတ်မကောင်းဖြစ်နေတယ်။ အရမ်းလည်း စိတ်ပျက်နေတယ်။ သူ့အတွက် လည်း တကယ် စိတ်မကောင်း ဖြစ်နေတယ်”လို့ ပြောကြားသွားပါတယ်။
မာတီနက်ဇ်ဟာ ယူနိုက်တက်ရဲ့ ပွဲ ၂၂ ပွဲ လွဲချော်ပြီးနောက် ဇန်နဝါရီ ၁၄ ရက်နေ့ စပါးစ်နှင့်ပွဲတွင် ပြန် ကစားနိုင်ခဲ့တာပါ။ ဒါကြောင့် တစ်လတောင် မကြာသေးဘဲ ပြန်နာသွားတာက ယူနိုက်တက် အတွက် အထိနာစရာ ဖြစ်ပါတယ်။