ခွဲစိတ်စရာ မလိုပေမယ့် သီတင်းပတ် အတော်ကြာ နားရမယ့် မာတီနက်ဇ် ဒဏ်ရာ အခြေအနေ ထွက်ပေါ်လာပါပြီ
မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ် ဒဏ်ရာကြောင့် ဧပြီလ အစောပိုင်းအထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင်ဟာ ခြေချောင်း ဒဏ်ရာကြောင့် ၃ လကြာ အနားယူရပြီးနောက် လိဂ်ပွဲ ၃ ပွဲတည်း သာ ကစားထားနိုင်သေးသူ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ မာတီနက်ဇ်ဟာ ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းနောက်ခံလူ ဗလာဒီမာကူဖယ်ရဲ့ ဘောလုံးကို ကာကွယ်ရန် ကြိုးပမ်းစဉ် ထပ်မံ ဒဏ်ရာ ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ အာဂျင်တီးနားနောက်ခံလူဟာ ခြေချောင်းဒဏ်ရာကြောင့် ၃ လကျော်ကြာ အနားယူရပြီးနောက် လိဂ်ပွဲ ၃ ပွဲတည်းသာ ပြန်ကစားထားနိုင်သူ ဖြစ်ပါတယ်။
ယခုအခါ မာတီနက်ဇ်မှာ ဒဏ်ရာကြောင့် အနည်းဆုံး ၈ ပတ်ကြာ အနားယူရနိုင်ကြောင်း ယူနိုက်တက်က ကြေညာလာပါတယ်။ ဒါပေမဲ့ မာတီနက်ဇ်အနေဖြင့် ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူစရာ မလိုပါဘူး။
မာတီနက်ဇ်ဟာ ခြေချောင်းဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ပွဲ ၂၂ ပွဲကို လွဲချော်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းကမှ စပါးစ်နှင့်ပွဲတွင် ပြန်လည် ကစားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။