သောကြာနေ့ မတိုင်ခင် မန်ချက်စတာ ယူနိုက်တက်ကနေ ရုတ်တရက် ထွက်ခွာသွားဖို့ ကြိတ်ကြံနေတဲ့ အဲရစ်ဆင်
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဇန်နဝါရီ ဈေးကွက် ပိတ်သွားပေမယ့် ယခုအပတ်တွင် အိုးထရက်ဖို့ဒ်မှထွက်ခွာနိုင်ရေးအတွက် လျို့ဝှက် ဆွေးနွေးနေပါတယ်။
အသက် ၃၁ နှစ်ရှိ ဒိန်းမတ်အလယ်တန်းကစားသမားဟာ နိုဝင်ဘာနောက်ပိုင်းတွင် ဒဏ်ရာပြဿနာနှင့် ရွေးချယ်မခံရမှုများကြောင့် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ၆၃ ပွဲကစားရာမှာ ၃ ဂိုးသွင်းပြီး ၁၂ ကြိမ် ဖန်တီးထားပေမဲ့လည်း ကလပ်အတွက် နောက်ဆုံးပွဲ ကစားထားပြီး ဖြစ်လာဖို့ ရှိပါတယ်။
ဒါပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အဲရစ်ဆင်ဟာ သောကြာနေ့ တူရကီ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ဂါလာတာစာရေးသို့ ပြောင်းရွှေ့လာနိုင်ကြောင်း သိရပါတယ်။
ယူနိုက်တက်နှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အဲရစ်ဆင်ဟာ ဂါလာတာစာရေးနှင့် လျို့ဝှက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆင်ပြေချောမွေ့နေပါတယ်။ တူရကီကလပ်ဟာ အဲရစ်ဆင်ကို အပြီးသတ် ခေါ်ယူမဲ့အချက်ဖြင့် အငှားဖြင့် ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။
တကယ်လို့များ အဲရစ်ဆင်ဟာ သောကြာနေ့မတိုင်မီ အပြောင်းအရွှေ့ မဖြစ်မြောက်လာပါကလည်း နွေရာသီတွင် ဂါလာတာစာရေးသို့ ပြောင်းလာဖို့ ရှိနေပါတယ်။