အက်စတွန်ဗီလာ ကို မန်ယူ မနိုင်ဘူး အတိအကျ ကြို ဟောကိန်းထုတ်သွားတဲ့ ဆရာကြီး ပေါမာဆန်

ဒီတပတ်မှာ ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

အရင် ၂ ပတ်လောက်တုန်းက အက်စတွန်ဗီလာဟာ အိမ်ကွင်း ၁၅ ပွဲ ဆက်တိုက် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲဆက် ကိုတော့ သူတို့ စတင် ရှုံးလာနေပါပြီ။

ယူနိုက်တက်က ကောင်တာတိုက်စစ်တွေမှာ နေရာလွတ် ယူနိုင်စွမ်း သိပ်ကောင်းပါတယ်။ သူတို့ရဲ့ ခြိမ်းခြောက်မှုကို အက်စတွန်ဗီလာတို့ ကိုင်တွယ်နိုင်မယ် မမြင်ပါဘူး။

ယူနိုက်တက်ရဲ့ အဝေးကွင်း ရလဒ်တွေကို ပိုသဘောကျပါတယ်။ ဗီလာကလည်း အိမ်ကွင်းအား ကောင်းမွန်တာကြောင့် ဒီအပတ်မှာ ၂-၂ သရေကျမယ်လို့ ထင်မိပါတယ်။ သို့ပေမယ့် နိုင်မယ့်အသင်းကို ရွေးရမယ်ဆိုရင် ယူနိုက်တက်ပါပဲ။

ယူနိုက်တက် အတွက် မိုင်နူးက တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတယ်။ ပထမအသင်းထံ ရောက်လာချိန်မှာ ဒီကောင်လေးက အနည်းငယ် ကြောက်ရွံ့နေခဲ့ပေမယ့် ဒီတလောမှာ ထိပ်တန်း အရည်အချင်းမျိုး ရှိကြောင်း ပြသနေတယ်။

ဝုဗ်ပွဲမှာ သူ သွင်းသွားတဲ့ဂိုးက အံ့မခန်းပါပဲ။ အဲ့လိုဂိုးမျိုး မက်ဆီ၊ ရော်နယ်ဒို သွင်းခဲ့ရင် ချီးကျူးမှုတွေ ဆုံးမှာ မဟုတ်တော့ပါဘူး။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အက်စတွန်ဗီလာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။