အဝေးကွင်း ဗီလာပါ့ခ်မှာ မန်ယူ အရှုံးနဲ့ ကြုံရမယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်းထုတ်မှု
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ဗီလာပါ့ခ်ထံ သွားရောက် ရင်ဆိုင် ကစားရမှာပါ။
ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ မှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသူ ဖြစ်တဲ့ ခရစ်ဆက်တန် ကတော့ ဗီလာနဲ့ မန်ယူပွဲ အတွက် သုံးသပ် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်က ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကို ကျနော် အထင်ကြီးမိပါတယ်။ သူတို့ အဲ့လို လုပ်ပြတာမျိုး မမြင်ရတာ အတော်လေး ကြာနေပါပြီ။
လူတွေက ယူနိုက်တက်တို့ ပုံစံကောင်းတွေ ပြန်ရလာနေပြီ ပြောကြပါတယ်။ ဟွိုင်လန်းကလည်း တန်ဟက် အကောင်းမြင်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ သူ ကစားတာ သိပ်ကောင်းပြီး ဂိုးလည်း ရယူထားနိုင်ပါတယ်။
ဒီပွဲကတော့ ခြားနားတဲ့ စမ်းသပ်မှုပါ။ ဒါပေမယ့်လို့ အက်စတွန်ဗီလာက အိမ်ကွင်းမှာ ၂ ပွဲဆက် ရှုံးနိမ့်နေပါတယ်။ နယူးကာဆယ်နဲ့ အက်ဖ်အေပွဲမှာ ချယ်ဆီးကိုပေါ့။
ဗီလာက အခုချိန်ထိတော့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကနေ မထွက်ရသေးပါဘူး။ သူတို့ တုန့်ပြန်ပြလာမယ် ထင်မိပါတယ်။ ယူနိုက်တက်တို့ ဂိုးသွင်းနိုင်မယ် ထင်ပေမယ့် ခံစစ်မှာ မာတီနက်စ် မကစားနိုင်တာ သူတို့အတွက် နစ်နာပါလိမ့်မယ်။
ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ်
အက်စတွန် ဗီလာ ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။