ပရီးမီးယားလိဂ် ရဲ့ ယာယာတိုရေး လက်သစ် လို့ ကွန်ပနီ ထုတ်ဖော် ချီးကျူးခဲ့ရတဲ့ ဂန်းနားလေး
မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီက အာဆင်နယ် ကွင်းလယ်လူ လိုကွန်ဂါဟာ ယာယာတိုရေး လက်သစ် ဖြစ်လာမယ့်သူလို့ ဟောကိန်းထုတ် ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ လိုကွန်ဂါကို အန်ဒါလက်ချ်အသင်းထံကနေ ပေါင် ၁၇.၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ကာ အသင်းကြီးမှာ ပွဲထွက်ခွင့်တစ်ချို့ရရှိနေပါတယ်။ အသက် ၂၂ နှစ်သားဟာ အာတီတာရဲ့ယုံကြည်မှုကို ရရှိခဲ့ကာ ဒီရာသီပြိုင်ပွဲစုံ ၁၂ ပွဲ အထိ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ဘောလုံးကို ရဲရဲဝံ့ဝံ့ကိုင်ကစားနိုင်တာဖြစ်ပါတယ်။
မန်စီးတီးဂန္ထဝင် ကွန်ပနီက ဘယ်လ်ဂျီယံအသင်းမှာ လိုကွန်ဂါရဲ့တိုးတက်မှုကို စောင့်ကြည့်ခဲ့သလို အာတီတာကိုလည်း တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် မန်စီးတီးမှာ ကစားစဉ်ကတည်းက အနာဂတ်နည်းပြဘဝအတွက် ကြိုတင်စဉ်းစားထားခဲ့ပါတယ်။ မတူညီတဲ့နိုင်ငံတွေက ဘောလုံးပွဲတွေကို ကြည့်ရှုခဲ့ပါတယ်။ အဲ့မှာ ကျွန်တော် အန်ဒါလက်ချ်မှာကစားနေတဲ့ လိုကွန်ဂါကို တွေ့ခဲ့တယ်။
အဲ့ဒီနောက် သူကြီးမားတဲ့ ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မြင်မြင်ချင်းမှာပဲ အာတီတာနဲ့ ဂွါဒီယိုလာတို့ကို အသိပေးခဲ့ပြီး သူ့ကိုစောင့်ကြည့်ဖို့ သူဟာ ယာယာတိုရေးလက်သစ်ဖြစ်လာနိုင်မယ်လို့ ပြောခဲ့ပါတယ်။ နောက်တော့ ကျွန်တော် အန်ဒါလက်ချ်နည်းပြသစ်ဖြစ်လာခဲ့ပြီး သူနဲ့လက်တွဲလုပ်ခဲ့ရပါတယ်။
ပြီးတော့ အာတီတာနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကလိုကွန်ဂါဟာ ယာယာတိုရေး လက်သစ် ဖြစ်လာနိုင်တယ်လို့ ဆက်လက် ထောက်ခံခဲ့ပါတယ်။ လိုကွန်ဂါဟာ ဘောလုံးကိုင်ကစားဖို့ မကြောက်တဲ့ကောင်လေးပါ။ ယာယာတိုရေးနဲ့တော်တော်ကို ဆင်တူပါတယ်။
သူက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဘောလုံးကို ရယူချင်နေတဲ့ကောင်လေးပါ။ အသင်း ကစားပုံကောင်းကောင်း မကောင်းကောင်း သူ့ဆီကို ဘောလုံး ပေးစေချင်နေတဲ့သူမျိုးပါ။ တာဝန်ယူမှု အမြဲတမ်း လုပ်ချင်တဲ့ကောင်လေးမျိုးပါ။ သူ့မှာ တိုးတက်မှု လိုအပ်နေသေးတယ်ဆိုပေမယ့် သူ ဘာလုပ်ရမလဲဆိုတာ သူသိပါတယ်။
တစ်ချိန်တည်းမှာပဲသူ့မှာ ယာယာတိုရေးလို စွမ်းရည်မျိုး ရှိနေပါတယ်။ အသင်း တစ်သင်းမှာ ဘောလုံး လက်ခံရယူဖို့ မကြောက်လန့်တဲ့ ကစားသမားမျိုး လိုအပ်ပါတယ်။ မင်းအနေနဲ့ ဗဟို နောက်ခံလူတစ်ဦးဖြစ်တယ်ဆို မင်းအလုပ်က ဘောလုံးကို ဟန့်တားရမှာပါ။ ဆမ်ဘီက ပွဲရဲ့ အရှိန်အကို အတင်အချ လုပ်နိုင်တဲ့ ကစားသမားပါ။ ကျွန်တော် အတွက်တော့ ဆမ်ဘီမှာ ထူးခြားတဲ့အရည်အချင်းတွေ ရှိနေပါတယ်”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

Zawgyi
မန္စီးတီး ေနာက္ခံလူေဟာင္း ကြန္ပနီက အာဆင္နယ္ကြင္းလယ္လူ လိုကြန္ဂါဟာ ယာယာတိုေရး လက္သစ္ ျဖစ္လာမယ့္သူလို႔ ေဟာကိန္းထုတ္ ေျပာၾကားလိုက္ပါတယ္။
အာဆင္နယ္ဟာ လိုကြန္ဂါကို အန္ဒါလက္ခ်္အသင္းထံကေန ေပါင္ ၁၇.၂ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ကာ အသင္းႀကီးမွာ ပြဲထြက္ခြင့္တစ္ခ်ိဳ႕ရရွိေနပါတယ္။ အသက္ ၂၂ ႏွစ္သားဟာ အာတီတာရဲ႕ယုံၾကည္မႈကို ရရွိခဲ့ကာ ဒီရာသီၿပိဳင္ပြဲစုံ ၁၂ ပြဲ အထိ ပါဝင္ကစားခြင့္ရရွိခဲ့ကာ ေဘာလုံးကို ရဲရဲဝံ့ဝံ့ကိုင္ကစားႏိုင္တာျဖစ္ပါတယ္။
မန္စီးတီးဂႏၴဝင္ ကြန္ပနီက ဘယ္လ္ဂ်ီယံအသင္းမွာ လိုကြန္ဂါရဲ႕တိုးတက္မႈကို ေစာင့္ၾကည့္ခဲ့သလို အာတီတာကိုလည္း တိုက္တြန္းခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ကြၽန္ေတာ္ မန္စီးတီးမွာ ကစားစဥ္ကတည္းက အနာဂတ္နည္းျပဘဝအတြက္ ႀကိဳတင္စဥ္းစားထားခဲ့ပါတယ္။ မတူညီတဲ့ႏိုင္ငံေတြက ေဘာလုံးပြဲေတြကို ၾကည့္ရႈခဲ့ပါတယ္။ အဲ့မွာ ကြၽန္ေတာ္ အန္ဒါလက္ခ်္မွာကစားေနတဲ့ လိုကြန္ဂါကို ေတြ႕ခဲ့တယ္။
အဲ့ဒီေနာက္ သူႀကီးမားတဲ့ ဒူးဒဏ္ရာ ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ျမင္ျမင္ခ်င္းမွာပဲ အာတီတာနဲ႔ ဂြါဒီယိုလာတို႔ကို အသိေပးခဲ့ၿပီး သူ႔ကိုေစာင့္ၾကည့္ဖို႔ သူဟာ ယာယာတိုေရးလက္သစ္ျဖစ္လာႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ေနာက္ေတာ့ ကြၽန္ေတာ္ အန္ဒါလက္ခ်္နည္းျပသစ္ျဖစ္လာခဲ့ၿပီး သူနဲ႔လက္တြဲလုပ္ခဲ့ရပါတယ္။
ျပီးေတာ့ အာတီတာနဲ႔လည္း စကားေျပာျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ကလိုကြန္ဂါဟာ ယာယာတိုေရး လက္သစ္ ျဖစ္လာႏိုင္တယ္လို႔ ဆက္လက္ ေထာက္ခံခဲ့ပါတယ္။ လိုကြန္ဂါဟာ ေဘာလုံးကိုင္ကစားဖို႔ မေၾကာက္တဲ့ေကာင္ေလးပါ။ ယာယာတိုေရးနဲ႔ေတာ္ေတာ္ကို ဆင္တူပါတယ္။
သူက ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ ေဘာလုံးကို ရယူခ်င္ေနတဲ့ေကာင္ေလးပါ။ အသင္း ကစားပုံေကာင္းေကာင္း မေကာင္းေကာင္း သူ႔ဆီကို ေဘာလုံး ေပးေစခ်င္ေနတဲ့သူမ်ိဳးပါ။ တာဝန္ယူမႈ အၿမဲတမ္း လုပ္ခ်င္တဲ့ေကာင္ေလးမ်ိဳးပါ။ သူ႔မွာ တိုးတက္မႈ လိုအပ္ေနေသးတယ္ဆိုေပမယ့္ သူ ဘာလုပ္ရမလဲဆိုတာ သူသိပါတယ္။
တစ္ခ်ိန္တည္းမွာပဲသူ႔မွာ ယာယာတိုေရးလို စြမ္းရည္မ်ိဳး ရွိေနပါတယ္။ အသင္း တစ္သင္းမွာ ေဘာလုံး လက္ခံရယူဖို႔ မေၾကာက္လန္႔တဲ့ ကစားသမားမ်ိဳး လိုအပ္ပါတယ္။ မင္းအေနနဲ႔ ဗဟို ေနာက္ခံလူတစ္ဦးျဖစ္တယ္ဆို မင္းအလုပ္က ေဘာလုံးကို ဟန္႔တားရမွာပါ။ ဆမ္ဘီက ပြဲရဲ႕ အရွိန္အကို အတင္အခ် လုပ္ႏိုင္တဲ့ ကစားသမားပါ။ ကြၽန္ေတာ္ အတြက္ေတာ့ ဆမ္ဘီမွာ ထူးျခားတဲ့အရည္အခ်င္းေတြ ရွိေနပါတယ္”လို႔ ကြန္ပနီက ေျပာၾကားခဲ့ပါတယ္။