ချယ်ဆီး၊ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှုးနဲ့ တန်းညီသွားတဲ့ ဟွိုင်လန်း၊ နောက်ပွဲ ဆက် ဂိုးသွင်းရင် ပရီးမီးယားလိဂ် စံချိန်သစ်ပါ တင်မည်
တိုက်စစ်မှုး ရာစမပ်စ် ဟွိုင်းလန်းဟာ မန်ချက်စတာယူနိုက်တက်တွင် အကောင်းဆုံးဂိုးသွင်းခြေစွမ်း ပြန်လည်တွေ့ရှိလာပြီးနောက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ နွေရာသီတုန်းက အတ္တလန္တာမှ ယူနိုက်တက်သို့ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။
သူဟာ ချန်ပီယံလိဂ်မှာ ၅ ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်သို့ ရောက်လာပြီးနောက် ပြည်တွင်းပွဲတွေမှာ အကောင်းဆုံးပုံစံ ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
သူဟာ ယူနိုက်တက်သို့ ပြောင်းလာပြီးတဲ့နောက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ဘောက်ဆင်ဒေးမှာ ကစားတဲ့ ၁၅ ပွဲမြောက်ပွဲမှာမှ ဂိုးပေါက် စတင် တွေ့ရှိလာတာ ဖြစ်ပါတယ်။
ယင်းနောက်မှာတော့ သူဟာ တနင်္ဂနွေနေ့တုန်းက ဗီလာကို ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်မှုအပါအဝင် နောက်ဆုံး ၆ ပွဲမှာ ၅ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ဗီလာပွဲမှာ ဂိုးသွင်းယူနိုင်ပြီးနောက် အသက် ၂၁ နှစ်နှင့် ၇ ရက်ဖြင့် ပရီးမီးယားလိဂ်သမိုင်းမှာ အသက် အငယ်ဆုံး ၅ ပွဲဆက် ဂိုးသွင်းနိုင်သူ ဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်တွင် ၅ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် အာဆင်နယ်နှင့် ချဲလ်ဆီး ဂန္ထဝင် နီကိုလပ်စ် အနဲလ်ကာက ရပ်တည်ထားပါတယ်။
တကယ်လို့များ ဒိန်းမတ်တိုက်စစ်မှူးအနေဖြင့် လာမယ့် တနင်္ဂနွေနေ့ လူတန်တောင်းနှင့်ပွဲမှာ ဂိုးထပ်မံ သွင်းယူ လာနိုင်ပါက ၆ ပွဲဆက် ဂိုးသွင်းလာနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာပါမယ်။
လက်ရှိအချိန်မှာ ၆ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမားအဖြစ် နယူးကာဆယ်ကွင်းလယ် ကစားသမားဂျိုးဝဲလ်လော့ခ်က ၂၁ နှစ်၊ ၂၇၂ ရက်ဖြင့် ရပ်တည်ထားပါတယ်။